
တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို မြန်မာက ပြခန်း ၈၀ ပါဝင်ပြသ
အကြိမ် ၂၀ မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၏ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၆ ရက်နေ့က စတင်ပြီး တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့ရှိ နန်နင်းအပြည်ပြည်ဆိုင်ရာပြသရေးစင်တာတွင် ကျင်းပခဲ့သည်။ ယခုအကြိမ်ပြပွဲတွင် လုပ်ငန်းကုမ္ပဏီစုစုပေါင်း ၂၀၀၀ နီးပါး ပါဝင်ပြသမည်ဖြစ်ပြီး အာဆီယံနိုင်ငံမှ ကုမ္ပဏီများသည် ၆၄၀ခန့် ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။ တစ်ချိန်တည်းတွင် ရာသီဥတု၊ ပတ်ဝန်းကျင်၊ အိမ်ရာဆောက်လုပ်ရေး စသည့်ကဏ္ဍဆိုင်ရာဖိုရမ်အများအပြားကိုလည်း ၁၆ ရက်နေ့တွင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် အာဆီယံနိုင်ငံမှ ကုမ္ပဏီများ ၆၄၀ ခန့်မှာ မြန်မာက ပြခန်း ၈၀ ပါဝင် ပြသနေတယ်လို့ သိရပါတယ်။








ပါဝင်ပြသနေသည့် မြန်မာ ကုန်စည်ပြခန်းများ တွင် ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ရေထွက်ကုန်၊ ထောပတ်သီး၊ လက်မှုအနုပညာပစ္စည်းများ၊ အဝတ်အထည်၊ စားသောက်ကုန်၊ မြန်မာ့ကျောက်မျက် လက်ဝတ် ရတနာပစ္စည်းများကို ခင်းကျင်းပြသ ရောင်းချလျက်ရှိတယ်လို့လည်း သိရပါတယ်။