(၃-၂-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၃-၂-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ နစကမှ ဦးဆောင်ကျင်းပပေးမည့် ရွေးကောက်ပွဲအပေါ် နိုင်ငံတကာ၏ အပြည့်အဝအားပေးထောက်ခံမှုများရရှိထားဟုဆို
၂။ (၇၅)ရက်ကြာကျင်းပမည့် မန်းရွှေစက်တော်ဘု ရားကြီး၏ (၂၅၉၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်စတင်ဖွင့်လှစ်
၃။ ၂၀၂၄ ခုနှစ်အတွင်း ပြည်ပနိုင်ငံများသို ဆန်/ဆန်ကွဲတင်ပိုမှုမှ အမေရိကန်ဒေါ်လာ(၁၃၃၁ ဒသမ ၈၉၉)သန်းရရှိခဲ့
၄။ အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံ နေပြည်တော် လာမည်
၅။ ဘီးလင်းမြိုနယ်ရှိ တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံခဲ့ရ
၆။ AA အကြမ်းဖက်အဖွဲမှ ဓါးပြတိုက်ရန်ဖမ်းဆီးထားသည့် ကုန်တင်သင်္ဘော ဘင်္ဂလားဒေ့ချ်နိုင်ငံဆိပ်ကမ်းသိုဆိုက်ကပ်
၇။ တိုက်ပွဲများအတွင်း PDF ၂၀ သေပြီး ၅ ဦး ကိုယ်လက်အင်္ဂါဆုံးရှုးခဲ့သော ဂဠုန်စစ်ကြောင်းက NUG လက်အောက်ခံအဖြစ်မှ နုတ်ထွက်
၈။ ဖေဖော်ဝါရီလ ၂ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၄၅၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၁၈၀ ကျပ်၊ Octane 95 – ၃၂၆၀ ကျပ်၊ Diesel – ၂၈၂၀ ကျပ်၊ Premium Diesel – ၃၄၈၅ ကျပ်
နိုင်ငံတကာသတင်းများ
၁။ ပင်တဂွန်ထက်၁၀ဆကြီးသော စစ်ဌာနချုပ် တရုတ် တည်ဆောက်နေ
၂။ မက္ကဆီကို၊ ကနေဒါ၊ တရုတ်ကုန်စည်များကိုယူအက်စ်က အခွန်တိုးကောက်
၃။ ထိုင်ဝမ်က Deepseek အက်ပလီကေးရှင်းကို အစိုးရဌာနတွေမှာ အသုံးပြုခွင့် တားမြစ်ဖွယ်ရှိနေ
၄။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ဒုံးကျည်ကာကွယ်ရေးစနစ်နဲ့ပတ်သက်တဲ့အမိန့်ကို ရုရှားအစိုးရ ဝေဖန်ပြစ်တင်
၅။ အမေရိကန်ရဲ့ရန်သူတွေကို ရှာဖွေပြီး သတ်ပစ်မယ်လို ဒေါ်နယ်ထရမ့် ကတိပြု
၆။ အမေရိကန်က ယူကရိန်းမှာ ရွေးကောက်ပွဲတွေ ကျင်းပစေလိုကြောင်းပြော
အားကစားသတင်းများ
၁။ ထိုင်းဆီးဂိမ်းတွင် မြန်မာ့ရိုးရာ ခြင်းလုံးကစားနည်း ထည့်သွင်းမည်
၂။ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၄- ၂၀၂၅ ခုနှစ်တွင် အာဆီယံခရီးသွား စံနှုန်းဆု (၂၉)ဆု ရရှိ
၃။ အဲလ်ဟီလယ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ ဘရာဇီးတိုက်စစ်မှူး နေမာဟာ ဘောလုံးသမားဘဝစတင်ခဲ့တဲ့ ဆန်းတိုစ်အသင်းကို ၆ လစာချုပ်နဲ့ပြန်လည်ရောက်ရှိခဲ့
၄။ ပြင်သစ်ရဂ်ဘီကလပ်ဖြစ်တဲ့ Racing 92 အသင်းရဲ့ နည်းပြချုပ်ဖြစ်သူ စတူးဝပ် လန်ကက်စ်တာ ဟာ ၎င်းရဲ့ရာထူးကနေ နှုတ်ထွက်သွားခဲ့
၅။ ဗြိတိန်နိုင်ငံသား စက်ဘီးသမား အိုလံပစ် ၂ ကြိမ် ချန်ပီယံဆုရှင် တွမ် ပစ်ဒေါ့ဟာ ဆော်ဒီနိုင်ငံမှာကျင်းပခဲ့တဲ့ အလ်အူလာတိုး စက်ဘီးပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ကြောင်းသိရ
အနုပညာသတင်းများ
၁။ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲမှာ ပွဲတက်ရောက်လာတဲ့ မြန်မာ့ရုပ်ရှင် အနုပညာရှင် ၄ ဦးကို Myanmar Academy Fashion Award ဆုပေးအပ်မည်
၂။ အကယ်ဒမီဆုကိုတော့ ဂုဏ်ထူးမှတ်ရမှ ပေးချင်ပေမယ့် ကိုယ့်လောကသားတွေမို အောင်မှတ်ရလည်း ဆုတွေအများကြီးပေးချင်တယ် ဆိုတဲ့ ဦးကြည်စိုးထွန်း
၃။ ဒုတိယမြောက် သမီးငယ်လေး ထရီလီယံကို ကျန်းမာစွာနဲ့အောင်မြင်စွာမွေးဖွားခဲ့တဲ့ ဘေဘီမောင်”