(၃၀-၁၂-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၃၀-၁၂-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲသို နစက ဥက္ကဋ္ဌ မိသားစုက ငွေသားကျပ်သိန်း ၁၀၀ နှင့် ၁၂၆ သိန်းကျော်တန်ဖိုးရှိ အဝတ်အထည်များ လှူဒါန်း
၂။ ကရင်ပြည်နယ် တရားလွှတ်တော်တရား သူကြီးချုပ်နှင့်တရားသူကြီးတိုခန့်အပ်တာဝန်ပေး
၃။ ဗဟိုဘဏ်မှ ဒေါ်လာ ၊ ထိုင်းဘတ်နှင့် ယွမ်များ ထပ်မံထုတ်ရောင်း
၄။ လွိင်မွေဒေသ ချယ်ရီပန်းပွဲတော် ကျင်းပမည်
၅။ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့်ကောင်စီဝင်များ တပ်ကုန်းဒဟတ်ကုန်းသကြားစက်နှင့် ရာဂီမုန်တိုင်းအလွန် လယ်ယာမြေများ ပြုပြင်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေး
၆။ AA လို လက်နက်ကိုင်အဆင့်နှင့် ထိတွေ့ဆက်ဆံရန်မရှိဟု ဘင်္ဂလားဒေ့ရှ်ငြင်းဆိုအပြီး နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးလိုဟု AA တောင်းဆိုလာ
၇။ ပုပ္ပါးတောင်မကြီးပေါ်က ဆက်သွယ်ရေးစခန်းတာဝန်ကျ လုံခြုံရေးတပ်ဖွဲဝင်သုံးဦးကို မြင်းခြံ PDF စီးနင်း ဖမ်းဆီး၊ တစ်ဦးလွတ်မြောက်သော်လည်း ဖမ်းမိအရာခံဗိုလ်နှင့်တပ်သားကို ထွက်ပြေးသည့်ခေါင်းစဥ်ဖြင့် သတ်ဖြတ်
၈။ ဒီဇင်ဘာလ ၂၉ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၂၈၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၀၁၀ ကျပ်၊ Octane 95 – ၃၁၂၀ ကျပ်၊ Diesel – ၂၆၃၅ ကျပ်၊ Premium Diesel – ၃၂၆၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ ထိုင်းမှ တောင်ကိုရီးယားသိုပျံသန်းလာသော ခရီးသည်တင်လေယာဉ် ပျက်ကျသဖြင့် ၈၅ ဦးထက်မနည်း သေဆုံး
၂။ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ၂၀၂၅ ခုနှစ်တွင် ရုရှားနိုင်ငံသို အလည်အပတ်ခရီးသွားမည်ဖြစ်
၃။ ဩစတြီးယားက အီတလီထုတ်တိုက်လေယာဉ်တွေ ဝယ်ယူမယ်
၄။ တရုတ်နှင့်ရုရှားကြား ဆက်သွယ်ပေးမည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းအသစ်တစ်ခုကို စတင်တည်ဆောက်နေ
၅။ BRICS အဖွဲ၏ မိတ်ဖက်နိုင်ငံဖြစ်လာရန် ရုရှား ကမ်းလှမ်းချက်ကို ထိုင်းအစိုးရ လက်ခံ
၆။ အမေရိကန်၏ စံချိန်တင်သုံးစွဲမည့် ကာကွယ်ရေးအသုံးစရိတ်မူကြမ်းတွင် ယူကရိန်းအတွက် မပါဝင်တော့
အားကစားသတင်းများ
၁။ ပဉ္စမအကြိမ် အမျိုးသားအားကစားပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အဆင့် (၄) ရရှိခဲ့
၂။ သွင်းဂိုး(၁၀)ဂိုးအထိ သွင်းယူခဲ့သည့် MFF Vita Max Futsal League II Week -1 ပွဲစဉ်
၃။ ဩစတေးလျတင်းနစ်သမားဖြစ်သူ ဂျော်ဒန် သွမ်ဆင် က ၎င်းရဲ့အသင်းဖော်ဖြစ်သူ မက်စ် ပါဆယ် အနေနဲ့ တားမြစ် ဆေးဝါးသုံးစွဲမှုကြောင့် ဆိုင်းငံ့ခံထားရ
၄။ နှင်းလျှောစီးကမ္ဘာ့ဖလားပြိုင်ပွဲအတွက်လေ့ကျင့်နေရင်းမတော်တဆမှုကြောင့် ဦးခေါင်းသွေးယိုစီးကာ အရေးပေါ် ခွဲစိတ်ကုသမှုခံယူခဲ့ရ
၅။ အမေရိကန်မေဂျာလိဂ်ဘေစ့်ဘောအသင်းဖြစ်တဲ့ အရီဇိုးနား ဒိုင်းမွန်းဘက် အသင်းဟာ ကော်ဘင် ဘားနက်စ် ကို ၆ နှစ်စာချုပ်ချုပ်ဆိုခဲ့
အနုပညာသတင်းများ
၁။ စွန့်လွှတ်မလား ခွင့်လွှတ်မလားဆိုတဲ့ စကားလုံးတွေမှာ ဝေယံဦးရဲ့ ကာရိုက်တာဇာတ်ရုပ်ကြွဖို မကစ်@ဝတ်မှုန်ရွှေရည်ကို မညှာဘဲပြောမိခဲ့တယ်လို ဖွင့်ဟလာတဲ့ အေးချမ်းမောင်
၂။ အချစ်က အချိန်မရွေးချစ်လိုရတာမို လက်ရှိ အနုပညာအလုပ်တွေပဲ ကြိုးစားလုပ်နေပါတယ် ဆိုတဲ့ အိစိကွေး
၃။ ပျော်ရွှင်ရယ်မောစရာ ဇာတ်လမ်းပုံစံ “အမျိုးကိုချစ်ပါ” ရုပ်ရှင်ဇာတ်ကားကြီး Red Carpet Show အခမ်းအနားကျင်းပခဲ့