စမ်းချောင်း၊ ဖျာပုံလမ်း ပေါက်ကွဲမှု(၂)ကြိမ်ဖြစ်ပွားခဲ့

ရန်ကုန်တိုင်းဒေသကြီး၊စမ်းချောင်းမြို့နယ်၊အမှတ်(31)၊ဖျာပုံလမ်း၊ကျွန်းလယ်ရပ်ကွက်ရှိ ပန်းလှိုင်မိသားစု Clinic ရှေ့၌ ယနေ့နံနက် (9:10)အချိန်ခန့်(၁)ကြိမ်၊ အုပ်ချုပ်ရေးမှူးရုံး အနီး၌ ယနေ့နံနက် (11:30)အချိန်ခန့်(၁)ကြိမ် စုစုပေါင်း(၂)ကြိမ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေပြည်သူက ပြောပါတယ်။

ပထမကြိမ် ပေါက်ကွဲမှုဖြစ်စဥ်ကြောင့် အခန်းရှေ့တွင် ရပ်တန့်ထားသော မော်တော်ယာဥ် (၂)စီး၊မီးစက်နှစ်လုံး ပျက်ဆီးခဲ့ပြီး လူထိခိုက် ဒဏ်ရာ ရ ရှိခဲ့မှု မရှိကြောင်းသိရပါတယ်။ ဒုတိယအကြိမ်ပေါက်ကွဲမှုဖြစ်စဥ်ကြောင့် လမ်းသွားပြည်သူ(၃)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး မော်တော်ယာဥ် တစ်စီး ထိခိုက်ပျက်ဆီးခဲ့ပါတယ်။ဒဏ်ရာ ရရှိသူအား လုံခြုံရေးတာဝန် ရှိသူများကအချိန်မှီဆေးကုသရန်ဆောင်ရွက်ပေးခဲ့ပါတယ်။

ပေါက်ကွယ်မှုဖြစ်စဥ်ဖြစ်ပွားပြီးမကြာမှီ တာဝန်ရှိသူတို့ရောက်ရှိလာပြီး လုပ်ထုံးလုပ်နည်းများအတိုင်း ဥပဒေအရ ဆက်လက် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၉-၁၂-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၃၀-၁၂-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်