နိုင်ငံခြားငွေရရှိရန် ချည်ထည်များကို ပြည်ပသို့တင်ပို့နိုင်ရေး ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌတိုက်တွန်း

နိုင်ငံတော်အတွက် နိုင်ငံခြားငွေရရှိရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းကကျင်းပသည့် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ) ၂/၈၀ ချည်ချောစက်ရုံခွဲဖွင့်ပွဲတွင် တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ဝါစိုက်ပျိုးရေးအောင်မြင်ရန် အခြေအနေကောင်းများရှိနေသော်လည်း ပြည်ပမှနှစ်စဉ်ချည်နှင့် ပိတ်ထည်များကို ပမာဏများစွာတင်သွင်းနေရသည်ဟု ဆိုသည်။ ဝါစိုက်ပျိုးရေးကို အောင်မြင်အောင်ဆောင်ရွက်ပါက နိုင်ငံတကာအဆင့်မီ ချည်ထည်များထုတ်လုပ်နိုင်မည်ဖြစ်ကာ အထည်ချုပ်လုပ်ငန်းများ၌ဖြစ်စေ၊ ပြည်ပသို့ပြန်လည် တင်ပို့ခြင်းဖြစ်စေဆောင်ရွက်မှသာ နိုင်ငံခြားငွေသုံးစွဲမှုကိုလျှော့ချနိုင်ပြီး နိုင်ငံတော်အတွက် နိုင်ငံခြားငွေများရရှိနိုင်မည်ဟု ပြောသည်။

ထို့ပြင် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့်ပတ်သက်၍လည်း နစကဥက္ကဋ္ဌ က ” အဆင့်မြင့်ချည်ထည်တွေ ထုတ်လုပ်နိုင်တဲ့ ဝါမျိုးကောင်းမျိုးသန့်တွေကို စိုက်နည်းစနစ်မှန်အောင်စိုက်ပြီး ဝါအထွက်နှုန်းတိုးအောင်ဆောင်ရွက်ရပါမယ်။ တစ်ဖက်ကလည်း ဝါကြိတ်စက်ရုံတွေ၊ ချည်မျှင်နှင့်အထည်စက်ရုံတွေ အဆင့်မြှင့်တင်ပေးပြီး ဝါကိုအခြေခံတဲ့ စက်မှုလုပ်ငန်း တွေကို ဆက်လက်ဆောင်ရွက်သွားကြရပါမယ်”ဟု ပြောသည်။

ထို့အတူ ယမန်နေ့ကဖွင့်လှစ်သည့် ၂/၈၀ ချည်ချောစက်ရုံသည် နိုင်ငံ၏အဝတ်အထည်လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ များစွာအထောက်အကူပြုစေမည်ဖြစ်သည်ဟုဆိုသည်။ ထို့ကြောင့် တစ်နိုင်ငံလုံး၊ ပြည်သူလူထုတစ်ရပ်လုံး၊ အထည်အလိပ် အထောက်အကူပြု MSME လုပ်ငန်းစဉ်များတစ်ခုလုံးကို ဦးတည်ဆောင်ရွက်ကြရန်လည်း နစက ဥက္ကဋ္ဌက တိုက်တွန်း ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၇-၁၂-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ဒုတိမြောက်သားလေး ” သတိုးသီဟ ” ကို အောင်မြင်စွာ မွေးဖွားခဲ့တဲ့ ” ဒီးဒီ “