(၁၇-၁၂-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၁၇-၁၂-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ မျက်မှောက်ခေတ်စစ်ပွဲများ၌ လေကြောင်းနှင့် အာကာသစွမ်းအားသည် စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကအရေးပါဟု တပ်ချုပ်ပြော
၂။ ထိုင်းနိုင်ငံတွင် ယခုသီတင်းပတ်အတွင်း မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဒေသတွင်းအစည်းအဝေးနှစ်ခု ပြုလုပ်မည်
၃။ ဗီယက်နမ်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၂) ဦးအား ပြန်လည်ပိုဆောင်ပေးခဲ့
၄။ အာရှဘဏ္ဍာရေးဆိုင်ရာဖိုရမ်တွင် မြန်မာက ပြခန်းတစ်ခန်းအခမဲ့ပြသခွင့်ရ
၅။ သေဒဏ်ပေးမည်ဟု လက်လွတ်စပယ်ကြေညာပြီးမှ ဝိုင်းဝေဖန်သည့်အတွက် NUG ၏ ကျောတိုက်နယ် ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီက ပြင်ဆင်ထုတ်ပြန်
၆။ KNDF က လွိင်ကော်ကို ပြန်တိုက်ရန် ပြင်ဆင်နေသဖြင့် မြိုခံများစိုးရိမ်နေ
၇။ ညောင်ဦးမြိုနယ်တွင် ယာခင်းအတွင်းရှိနေသည့် အမျိုးသားတစ်ဦးကို PDF အဖွဲက သေနတ်ဖြင့် လာရောက်ပစ်ခတ် သတ်ဖြတ်
၈။ ဒီဇင်ဘာလ ၁၆ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၃၇၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၀၄၀ ကျပ်၊ Octane 95 – ၃၁၅၀ ကျပ်၊ Diesel – ၂၅၉၀ ကျပ်၊ Premium Diesel – ၃၂၁၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ အစ္စရေးအစိုးရက အိုင်ယာလန်နိုင်ငံရှိ သံရုံးကို ပိတ်ပစ်ရန်ဆုံးဖြတ်
၂။ ဆီးရီးယားဘက်က ခြိမ်းခြောက်မှုတွေကြောင့် ဂိုလန်ကုန်းမြင့်ဒေသမှာ လူဦးရေနှစ်ဆတိုးမြှင့်ချထားဖို အစ္စရေးစီစဉ်
၃။ အာဏာရှင်အာဆတ်ဟာ နိုင်ငံကထွက်မပြေးခင်ကတည်းက နိုင်ငံပိုင်ငွေကြေး ဒေါ်လာသန်း ၂၅၀ ဝန်းကျင်ကို ရုရှားနိုင်ငံထဲကို လေယာဉ်နဲ့ ကြိုတင်သယ်ဆောင်ထားဟုဆို
၄။ သွင်းကုန်စည်းကြပ်ခွန်ထိခိုက်နစ်နာမှုသာမက ထရမ့်ရဲ့မူဝါဒကြောင့် အာဆီယံနိုင်ငံတွေ ကုန်သွယ်မှု အခွင့်အလမ်း တချိုလည်း ရလာနိုင်
၅။ ပြင်သစ်ပိုင် မေယော့တ်ကျွန်းစုတွင် နှစ် (၉၀) အတွင်း အင်အားအပြင်းဆုံး ဆိုင်ကလုန်းတိုက်၍ လူထောင်ချီအထိသေဆုံးဟုခန့်မှန်း
၆။ ထိုင်ဝမ်၏ လွတ်လပ်ရေးလှုပ်ရှားမှုများအပေါ် ညှာတာနေမည်မဟုတ်ကြောင်း တရုတ်စစ်ဘက် သတင်းထုတ်ပြန်
အားကစားသတင်းများ
၁။ AFF Mitsubishi Electric Cup 2024 မြန်မာ -လာအို ပွဲအတွက် ကြိုတင်လက်မှတ်များ ရောင်းချပေးပြီ
၂။ AFC Women’s Futsal Asian Cup 2025 ခြေစစ်ပွဲ အတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း ပဏာမ ကစားသမား (၁၉) ဦးစာရင်း ထုတ်ပြန်
၃။ မန်ယူနှင့်ပွဲတွင် လုံလောက်သည့်စွမ်းဆောင်ရည် မရှိခဲ့ဟု နည်းပြဂွါဒီယိုလာ ဝန်ခံ
၄။ မန်စီးတီးကို အနိုင်ယူခဲ့သည့် မန်ယူကစားသမားများကို နည်းပြအာမိုရင် ချီးကျူး
၅။ ၂၀၂၅ ဥရောပ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲအတွက် အပြီးသတ် အုပ်စု မဲခွဲခြင်းအခမ်းအနားကို ဆွစ်ဇာလန်နိုင်ငံ မှာကျင်းပပြုလုပ်ခဲ့
အနုပညာသတင်းများ
၁။ ကိုယ်ကကောင်းစေချင်တဲ့စိတ်နဲ့ အလုပ်လုပ်လိုက်ပေမဲ့ မကောင်းဘူးဆိုတဲ့ Feedback တွေလည်းရှိနိုင်တယ်ဆိုတဲ့ ဖြိုးပြည့်စုံ
၂။ ကလေးသရုပ်ဆောင်ထဲက အနုပညာအလုပ်လုပ်ခဲ့တာမို ဝါဆိုကို အသက်ကြီးပြီလိုထင်တာခံရတယ်ဆိုတဲ့ ဝါဆိုမိုးဦး
၃။ ကလောမှာ အရမ်းအေးခဲ့ပေမယ့် ရင်ခွင်တစ်စုံတော့ မလိုအပ်ခဲ့ဘူးဆိုတဲ့ နော်ဖောအယ်ထား