ရန်ကုန်တိုင်း မြန်မာ့သိုင်းအသင်း ရွှေတံဆိပ်အများဆုံးဖြင့် ပထမနေရာတွင်ရပ်တည်နေ

ပဉ္စမကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ရန်ကုန်တိုင်း မြန်မာ့သိုင်းအသင်းက ရွှေတံဆိပ်အများဆုံးဖြင့် တိုင်းနှင့် ပြည်နယ်အသင်းများအနက် ပထမနေရာက ရပ်တည်နေကြောင်း သိရသည်။

ရန်ကုန်တိုင်း မြန်မာ့သိုင်းအသင်းအနေဖြင့် ပြိုင်ပွဲဝင် (၁၄) သင်းဝင်ရောက်ယှဉ်ပြိုင်သည့်အနက် ရွှေတံဆိပ် (၆)ခု၊ ငွေတံဆိပ် (၂ )ခုနဲ့ ကြေးတံဆိပ် (၂)ခု ဆွတ်ခူးထားရှိကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ဦးတည်ချက် (၅) ရပ်ဖြင့် ဒီဇင်ဘာ (၂ )ရက်နေ့မှ (၂၀)ရက်နေ့အထိ နေပြည်တော်တွင် ဝန်ကြီးဌာနအဆင့် အားကစားနည်း (၆) နည်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အားကစားနည်း (၂၃) နည်း၊ မသန်စွမ်းအားကစားနည်း (၄) နည်းတို့ဖြင့်

ကျင်းပပြုလုပ်လျှက်ရှိသည်။

ပြိုင်ပွဲဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး အများပြည်သူများ အချိန်နှင့်တပြေးညီ သိရှိနိုင်စေရန်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော် Website(www.thefifthnationalsports.gov.mm) နှင့် Mobile Application တို့ကို ဒီဇင်ဘာ (၁)ရက်နေ့မှစတင်၍ လွှင့်တင်ထားရှိသည်။

#ပဉ္စမကြိမ်မြောက် အမျိုးသားအားကစားပွဲတော်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာကိုယ်စားပြု မွန်ဖိုက်တာ ဆွတ်ရတ် မွေထိုင်းဖိုက်တာကို ဒိုင်ပေးမှတ်ဖြင့် အနိုင်ရ
Next post ၂၀၂၃-၂၄ ရာသီတွင် မန်စီးတီးအသင်း စံချိန်တင်ဝင်ငွေ ပေါင် ၇၁၅ သန်းရရှိခဲ့ပြီး ပရီးမီးယားလိဂ်ကလပ်များအနက် တန်ဖိုးအမြင့်ဆုံးအမှတ်တံဆိပ်အဖြစ် ဆက်လက်ရပ်တည်နေ