အရှုပ်တော်ပုံတွေထဲက ပတ်ရှုပ်နေတဲ့ကောင်မလေး မိုး အဖြစ် လောင် ဇာတ်လမ်းတွဲတွင် သရုပ်ဆောင် ထားသည့် သြဂတ်စ်မိုး

မင်္ဂလာပါ DBN ပရိသတ်ကြီးရေ……………..သမီးဆိုး ဇာတ်ကားနဲ့စပြီး ညှို့အားပြင်းလို့     ပရိသတ် သတိထား မိလာတဲ့ သရုပ်ဆောင်    ဩဂတ်စ်မိုးကတော့ အရမ်းလောင်ရတဲ့    အိမ်ထောင်ရေး    အရှုပ်တော် ပုံတွေထဲက     ပတ်ရှုပ်နေတဲ့ ကောင်မလေး “မိုး”ကာရိုက်တာလေး နဲ့သရုပ်ဆောင် ထားပါတယ် လို့ ‘သြဂတ်စ်မိုး’ က ဆိုလာပါတယ်။

သူမကတော့ Miss Universe Dawei 2017 နဲ့ Miss Multination Myanmar 2018 ပြိုင်ပွဲကတစ်ဆင့် အနုပညာ သရုပ်ဆောင်ပိုင်းကို ရောက်ရှိလာသူလည်း ဖြစ်ပါတယ်။ အဆိုပါ လောင် ဇာတ်ကားမှာတော့ နိုင်ငံခြားက ပြန်လာသော သူဌေးသမီးလေး အဖြစ် သရုပ်ဆောင်ထားပြီး သမီးဆိုး ဇာတ်လမ်းတွဲမှာတော့ ကီပင် တစ်ယောက်အနေဖြင့် သရုပ်ဆောင်ထားသည် ဟု ဆိုကာ ဇာတ်လမ်းနှစ်ခု၏ ပါဝင်သရုပ်ဆောင်ရသည့် ကွာခြားချက်ကို သူမက ပြောဆိုလာပါတယ်။

“သမီးဆိုး ဇာတ်ကား ရိုက်ပြီးချိန်မှာ မဘုံ(ခ) ဒါရိုက်တာ မယ်မင်းဘုံက ညီမအတွက် သီးသန့်လုပ်ခွင့်ပေးလို့လည်း အရမ်းကျေးဇူးတင်ပါတယ်။ ဇာတ်ကောင် မိုးဖြစ်အောင် ညီမအကောင်းဆုံး ကြိုးစားသရုပ်ဆောင်ခဲ့ရတာပါ။ အရင် သမီးဆိုး ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ထားသည့် သရုပ်ဆောင်များနှင့် တွေ့ရပြီး လိုအပ်ချက်တွေ ညှိညှိနှိုင်းနှိုင်း တိုင်ပင်လို့ရလို့ အားသာချက်တခုရတယ် လို့ သူမက ဇာတ်လမ်းတွဲရိုက်ကူးတာနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Beauty & Wellness Festival  ပွဲကြီးမှာ Judge အဖြစ် ပါဝင်ခဲ့သော မိတ်ကပ် လင်းလင်း
Next post BTS အဖွဲ့ဝင် V သည် ‘Running Man’ တွင် တစ်ကိုယ် တော် ဧည့်သည်အဖြစ် ပါဝင်ရိုက်ကူးခြင်း အောင်မြင်စွာ ပြီးဆုံး