အဆိုတော် ပူစူးနှင့် အတူတူ သီချင်းတွဲဆိုရတော့မည့် အောင်ရဲရင့်

အောင်ရဲရင့်ဆိုတာ သီချင်းရေးဆို ဝါသနာပါပြီး ယခုတလောပိုင်းက အွန်လိုင်းပေါ်မှာ အဆို‌တော် ပူစူး ရဲ့ အဆင်ပြေပါစေ သီချင်းကို Cover ပြန်ဆိုပြီး ပရိသတ် လူသိများလာသူတစ်ဦးလည်း ဖြစ်ပါတယ်။ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ မာန်ရွာ ဇာတိမှာ နေသူဖြစ်ပြီး လွန်ခဲ့သော (၃)နှစ်မှ ရန်ကုန်မြို့သို့ ပိုက်ဆံ(၁)သိန်းခွဲနှင့် တက်လာသော အောင်ရဲရင့် ဟာ ရန်ကုန်မှာ အဆောင်တခုမှာ နေထိုင်း ညဘက်မှာ  ညစောင့်လုံခြုံရေးအလုပ်ကို လုပ်ပြီး နေ့ဘက်မှာ ကြုံရာကျပန်းအလုပ်ကို သူငယ်ချင်း တစ်ဦးနှင့် အတူ (၂)လ လုပ်ကိုင်သူတစ်ဦးလည်း ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ရေလိုက်ရောင်းပြီး  ၃ ဘီးနဲ့ ဒန်တွေဝယ်တယ်၊ ကျည်းတွေဝယ်တယ်ဆိုပြီး လိုက်ဝယ်ခဲ့ရတယ်။ ပြန်ရောက်ရင် ပစ္စည်းတွေခွဲရောင်းတယ်။ အဲဒီကနေ ပန်းရံလုပ်တယ်။ ဆေးသုတ်တယ်။ အခုလောလောဆယ် ကုမ္ပဏီတစ်ခုမှာ ကားရေဆေးတဲ့အလုပ်လုပ်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

အခုဆိုရင်လည်း သီချင်းသစ်များကို အတူတူ တွဲဆိုခွင့်ပေးမည်ဟု အဆိုတော် ပူစူးကလည်း အခုလိုပြောဆိုထားပါတယ် “ သူက ကျွန်တော့်ကို တော်တော် crazy ဖြစ်တယ်လို့ပြောတယ် ကျွန်တော့် သီချင်းတွေလည်း သူတော်တော်ကြိုက်တဲ့ ပုံစံရှိတယ် နောက် သူ့ကို မြင်တော့ ကျွန်တော် ရန်ကုန်စရောက်စတုန်းက ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ရသလိုလဲဖြစ်တယ်…သူက အကိုနဲ့ သီချင်းတပုဒ်လောက် တွဲလုပ်တယ် ပြောလာတဲ့အချိန် အကို ရေးသားသော သီချင်းအသစ်တွေ ထဲက ရွေးပြီးတော့ သီချင်းတစ်ပုဒ်လုပ်ဖြစ်မယ်” ဟု အဆိုတော် ပူစူးက ဆိုလာပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Sam နဲ့ ကွာရှင်းပြီးနောက် ကောင်လေးတစ်သိုက်နဲ့တစ်ညလုံး ပျော်ပါးခဲ့တဲ့ Britney Spears
Next post Beauty & Wellness Festival  ပွဲကြီးမှာ Judge အဖြစ် ပါဝင်ခဲ့သော မိတ်ကပ် လင်းလင်း