“သူ့ကိုမှ ချစ်မိသည်” ဇာတ်လမ်းတွဲမှာ မြိုသိပ်ထားရတဲ့ အချစ်၊ ဖြူစင်တဲ့အချစ်တွေရှိနေတဲ့ ခွန်သာမြတ်သူဇာတ်ရုပ်နဲ့ ပါဝင်ထားတယ်ဆိုတဲ့ ချမ်းမင်းရဲထွဋ်

ပရိသတ် ချစ်ခင်အားပေးမှုများစွာရရှိထားတဲ့ သရုပ် ဆောင် ချမ်းမင်းရဲထွဋ်ကတော့ “သူ့ကိုမှ ချစ်မိသည်” ဇာတ်လမ်းတွဲမှာ မြိုသိပ်ထားရတဲ့အချစ်၊ ဖြူစင်တဲ့အချစ်တွေရှိနေတဲ့ ခွန်သာမြတ်သူဇာတ်ရုပ်နဲ့ပါဝင်ထားတယ်ဆိုပါတယ်။

“ဒီကားထဲမှာ ကျွန်တော်က CEO ငယ်ငယ်ချောချောလေး လုပ်ရတော့ ပိုက်ဆံအများကြီးပိုကုန်ခဲ့တယ်။ အဝတ်အစား ပိုင်းတွေကအစ သေချာလေး ပြင်ဆင်ထားတယ်။ လူငယ်တွေကြားထဲမှာ ဖြစ်ပျက်တတ်တဲ့ အချစ်ကားလေးပါ။ အချစ်ကားဆိုပေမယ့် ကိုရီးယားဆန်ဆန်လေးသွားထားတယ်။ ကျွန်‌တော်က ဒီဇာတ်ကားမှာ ပေးဆပ်တဲ့ အချစ်၊ မြိုသိပ်ထားရတဲ့ အချစ်ကိုမှ ဖြူစင်တဲ့အချစ်တွေရှိနေတဲ့ ခွန်သာမြတ်သူဆိုတဲ့ ဇာတ်ရုပ်နဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ ကာရိုက်တာမို့ရိုက်ကူးဖြစ်တာပါ”လို့ သရုပ်ဆောင် ချမ်းမင်းရဲထွဋ်က ပြောပါတယ်။ ကြည့်ရင်းကြည့်ရင်း တစိမ့်စိမ့် အသဲတွေယား လောင်မြိုက်ပြီး ရင်တမမကြည့်ကြရဦးမယ့်” သူ့ကိုမှချစ်မိသည် ” ရုပ်သံဇာတ်လမ်းတွဲကို ဇာတ်လမ်း Skyward Art Team. Ko Set ရေးသားပြီးတော့ ဒါရိုက်တာမင်းဆက်က ကိုရီးယားအချစ်ဇာတ်လမ်းဆန်ဆန်ပုံစံဖော်ထားလို့ သိရပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ သရုပ်ဆောင် ချမ်းမင်းရဲထွဋ်၊ ညိမ်းသော်၊ မေမီကိုကို၊ သံသာညီ၊ စိုးမိုးကြည် တို့နဲ့အတူ အခြားအနုပညာရှင်‌တွေ ပါဝင်ထားကြပါတယ်။

” သူ့ကိုမှ ချစ်မိသည် ပိုစတာက ကိုးရီးယားဆန်ဆန်လုပ်ထားတော့ လူတွေ ပိုစိတ်ဝင်စားကြတယ်။ ဒီပိုစတာပိုစ့်အောက်မှာ လူတွေက ပိုပြီး ပြောနေကြတာလည်း တွေ့ရတယ် “လို့ သူက ဆက်ပြောပါတယ်။ မိနစ် ၃၀ စာ အပိုင်း ၂၀ စာပါဝင်တဲ့ ” သူ့ကိုမှ ချစ်မိသည်”ကို မကြာခင် Fortune TV ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသမှာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၆-၁၀-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၁၇-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်