ရေဘေးအလှူအတွက် လေလံတင်သည့် အကယ်ဒမီ ဒွေး ဝတ်ဆင်ခဲ့သည့် အင်္ကျီအား ငွေကျပ် (၃၂)သိန်းဖြင့် အဆိုတော် လွှမ်းပိုင်မှ ဝယ်ယူ

ရေဘေးသင့် ပြည်သူများကို သွားရောက်လှူဒါန်းရန် အကယ်ဒမီ ဒွေး ဝတ်ဆင်ခဲ့သည့် အင်္ကျီအား သရုပ်ဆောင် ဇွဲနိုင်ဝင်းမှ လေလံတင် ရောင်းချခဲ့ရာ ငွေကျပ် (၃၂)သိန်းဖြင့် အဆိုတော် သရုပ်ဆောင် လွှမ်းပိုင်မှ လေလံရရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာ (၂၁)ရက်၊ ည(၉)နာရီမှ စတင်၍ ကြမ်းခင်းဈေး ကျပ် (၂)သိန်းဖြင့် လေလံတင်ခဲ့ခြင်းဖြစ်ရာ ယနေ့ စက်တင်ဘာ (၂၂)ရက်၊ နေ့လယ် (၁၂)နာရီတွင် ငွေကျပ် (၃၂) သိန်းဖြင့် အဆိုတော် သရုပ်ဆောင် လွှမ်းပိုင်မှ လေလံရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လေလံကို ဦးစွာ အဆိုတော် သရုပ်ဆောင် လွှမ်းပိုင်မှ ငွေကျပ် (၈)သိန်းဖြင့် လေလံဝင်ပေးခဲ့ပြီး ယနေ့ စက်တင်ဘာ (၂၂)ရက်တွင် လွှမ်းပိုင်မှပင် ကျပ် (၃၂)သိန်းဖြင့် လေလံအောင်မြင်ခဲ့ကြောင်း သိရသည်။

လေလံအောင်မြင်သူမှ ယနေ့ စက်တင်ဘာ နေ့လယ် (၁) နာ ရီ မှာနောက်ဆုံးထား၍ ငွေလွှဲပေးရမည်ဖြစ်ပြီး ရေဘေးသင့် ပြည်သူများအတွက် သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း သရုပ်ဆောင် ဇွဲနိုင်ဝင်းက ဆိုသည်။

အဆိုပါ အင်္ကျီမှာ City FM နှစ်ပတ်လည် ဆုပေးပွဲတွင်အကယ်ဒမီ ဒွေး သီချင်းသီဆိုရာ၌ ဝတ်ဆင်ခဲ့သည့် အင်္ကျီဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၂-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post ကလောမြို့ အိမ်ထောင်စု(၁၅၅)စုကို တစ်အိမ်ထောင် သိန်း(၃၀) ကိုယ်တိုင်လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ