ရေဘေးလှူဖို့ ပိုင်စိုးသူ ရေးဆွဲထားတဲ့ ပန်းချီကား လေလံတင်မှု ကျပ် ၃၄ သိန်းကျော်နဲ့ မေမီကိုကိုရရှိခဲ့

သရုပ်ဆောင် ပိုင်စိုးသူက ရေဘေးသင့်ပြည်သူတွေကို လှူဒါန်းဖို့အတွက် သူကိုယ်တိုင်ရေးဆွဲထားတဲ့ Call Me By Your Name ပန်းချီကားကို လေလံတင်ရောင်းချခဲ့ရာမှယ ကျပ် ၃၄ သိန်းကျော်နဲ့ မေမီကိုကိုက လေလံ ရရှိခဲ့ပါတယ်။

“ကျွန်‌တော့်ရဲ့ ပန်းချီကားလေး ရေဘေးလှူဖို့အတွက် ကြမ်းခင်းစျေး ၁ သိန်းကနေ စပြီး‌တော့ လေလံဆွဲတာ အခု
နောက်ဆုံးပိတ်စျေး ၃၄ သိန်း ၂ သောင်းနဲ့ မမေမီကိုကိုက ရသွားပါတယ်။ ပထမက ၅ သိန်းလောက်ပဲရမယ်ထင်တာ ဒီလောက်ထိရသွားလို့ မယုံနိုင်အောင်ဖြစ်ရပါတယ်။ ကျွန်တော့်အနေနဲ့ အခု ပျော်လွန်းလို့ လက်တွေပါတုန် မျက်ရည်ဝဲ ပါတယ်။ ဒီပန်းချီကားလေးကတော့ BL ကားလေးကို ဖန်တီးပြီး ရေးဆွဲထားပါတယ်။ မမေမီကိုကို ကိုလည်းကျေးဇူး အများကြီးပါဗျာ” လို့ သရုပ်ဆောင် ပိုင်စိုးသူက ပြောပါတယ်။

အဆိုပါ ပန်းချီကားကို ငွေကျပ် ၁ သိန်းကနေစပြီး လေလံတင်ရောင်းရခဲ့ရာ ၂၄ နာရီအတွင်း သရုပ်ဆောင် မေမီကိုကိုက အမြင့်ဆုံးလေလံကြေး သုံးဆယ့်လေးသိန်းနှစ်သောင်းကျပ်နဲ့ ဝယ်ယူလှူဒါန်းနိုင်ခဲ့တာပါ။သရုပ်ဆောင် ပိုင်စိုးသူက ပန်းချီ ရောင်းရငွေအားလုံးကို ရေဘေးအတွက် ပြန်လည် လှူဒါန်းသွားမှာဖြစ်ပါတယ်။

” ရေဘေးအတွက် လှူမယ့်ရည်ရွယ်ချက်လေး ပြည့်ဝခဲ့တဲ့အတွက် ပီတိဖြစ်ရပါတယ်။ ကျွန်တော်တစ်ယောက် တည်းကြောင့် ဒီလေလံလေးအောင်ခဲ့တာမဟုတ်ပါဘူး။ ကျွန်တော့်ကို ချစ်ခင်ယုံကြည်ပြီး ပါဝင်လှူဒါန်းပေးကြတဲ့ မောင်နှမတွေကြောင့်ပါ။ ပါဝင်ပေးကြတဲ့ အလှူရှင်တွေလည်း ပါပါတယ်။ကျေးဇူးပါနော်”လို့ သရုပ်ဆောင်မေီကိုကိုက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဘီလူးချောင်းရေ မြင့်တက်မှုကြောင့် လွိုင်ကော်မြို့ရှိ ရပ်ကွက် (၄) ခုမှ ဒေသခံများအား ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့
Next post (၁၈-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်