ဘီလူးချောင်းရေ မြင့်တက်မှုကြောင့် လွိုင်ကော်မြို့ရှိ ရပ်ကွက် (၄) ခုမှ ဒေသခံများအား ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့

ဘီလူးချောင်းရေ မြင့်တက်မှုကြောင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ရပ်ကွက် (၄) ခုအတွင်းသို့ ရေဝင်ရောက်လျက် ရှိသဖြင့် ၎င်းရပ်ကွက်များရှိ ဒေသခံပြည်သူများအား ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးလျက်ရှိကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ ၁၇ ရက်နေ့တွင် လွိုင်ကော်မြို့ရှိ ဒေါနိုးကူးရပ်ကွက်၊ နမ့်ကွတ်ရပ်ကွက်၊ ရှမ်းစုရပ်ကွက်နှင့် မင်းစု ရပ်ကွက်တို့တွင် ရေဝင်ရောက်လာသဖြင့် ၎င်းရပ်ကွက်များရှိ ဒေသခံပြည်သူများအား မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးလျက်ရှိပါသည်။

ကယားပြည်နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ စက်လှေ (၅)စီးတို့ဖြင့် ရေဘေးသင့်ပြည်သူများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၇-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post ရေဘေးလှူဖို့ ပိုင်စိုးသူ ရေးဆွဲထားတဲ့ ပန်းချီကား လေလံတင်မှု ကျပ် ၃၄ သိန်းကျော်နဲ့ မေမီကိုကိုရရှိခဲ့