သမီးဦးရတနာလေး အောင်မြင်စွာမွေးဖွားခဲ့ကြောင်း ပရိသတ်တွေကို အသိပေးလာတဲ့ အိချောပို
ပရိသတ်အချစ်တော် မင်းသမီးလေး အိချောပိုနဲ့ Moses Mone တို့ရဲ့ သမီးဦးရတနာလေးကို မွေးဖွားခဲ့ပြီးပြီလို့ သိရပါတယ်။ သူတို့ရဲ့ ချစ်စရာကောင်းတဲ့ သမီးဦးလေးကို ဩဂုတ်လ ၇ ရက် နံနက် ၄ နာရီကျော်က ရန်ကုန်မြို့ ပန်းလှိုင်ဆေးရုံမှာ မွေးဖွား ခဲ့တာပဲဖြစ်ပါတယ်။
“သမီးလေး Izzy < Izabelle Mone ” လို့ မေမေ သရုပ်ဆောင် အိချောပိုက ပရိသတ်ကို အသိပေးလာပါတယ်။ သရုပ်ဆောင် အိချောပိုကတော့ Moses Mone နဲ့ ချစ်သူသက်တမ်း ၄ နှစ်အကြာချစ်ကြိုက်ပြီး ရွှေလက်တွဲခဲ့တာခဲ့တာပါ။ သူတို့ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က ထိုင်းနိုင်ငံ နိုင်ယန်ကမ်းခြေရှိ Phuket Marriott Resort & Spa မှာ မင်္ဂလာပွဲ ကျင်းပခဲ့ပြီး ဇန်နဝါရီ ၁၂ ရက် ညနေပိုင်းက ရန်ကုန်မြို့ Inya Lake Hotel မှာ Wedding Dinner ကိုလည်း ကျင်းပခဲ့ပါသေးတယ်။
အိချောပိုတို့ရဲ့ သမီးလေး Izzy < Izabelle Mone ကတော့ ဗုဒ္ဓဟူး သမီးလေးလည်းဖြစ်ပါတယ်။
More Stories
ဒုတိယအကြိမ်အဖြစ် ကလော၊ ကယားဘက်မှ ရေဘေးသင့် ပြည်သူများအား လှူဒါန်းသွားမည့် ခိုင်နှင်းဝေ
ယနေ့ စက်တင်ဘာ ၁၈ ရက်နေ့အထိ ရေဘေး အလှုငွေ သိန်း (၁၁၀၀၀) ကျော် ရရှိထားပြီဖြစ်ကြောင်း ပရဟိတ မင်းသမီး ခိုင်နှင်းဝေမှ ၎င်း၏ ဖေ့ဘုတ်အကောင့်မှတစ်ဆင့် အသိပေးထားပါသည်။ အဆိုပါ ရေဘေးအလှူငွေများထဲမှ ဒုတိယအကြိမ် လမ်းကြောင်းအဖြစ်...
ရေဘေးလှူဖို့ ပိုင်စိုးသူ ရေးဆွဲထားတဲ့ ပန်းချီကား လေလံတင်မှု ကျပ် ၃၄ သိန်းကျော်နဲ့ မေမီကိုကိုရရှိခဲ့
သရုပ်ဆောင် ပိုင်စိုးသူက ရေဘေးသင့်ပြည်သူတွေကို လှူဒါန်းဖို့အတွက် သူကိုယ်တိုင်ရေးဆွဲထားတဲ့ Call Me By Your Name ပန်းချီကားကို လေလံတင်ရောင်းချခဲ့ရာမှယ ကျပ် ၃၄ သိန်းကျော်နဲ့ မေမီကိုကိုက လေလံ ရရှိခဲ့ပါတယ်။ “ကျွန်တော့်ရဲ့ ပန်းချီကားလေး...
ရေဘေးသင့်ပြည်သူများအတွက် နာမည်ကြီး အဆိုတော်များ က ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ပြုလုပ်မည်
နိုင်ငံတဝန်းရှိ ရေဘေးသင့်ပြည်သူများအတွက် ရန်ပုံငွေရရှိရန်အတွက် ရည်ရွယ်ကာ နာမည်ကြီးအဆိုတော်များ စုပေါင်း၍ ဂီတဖျော်ဖြေပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ နှစ်ရက်ကြာပြုလုပ်မည့် ထိုရန်ပုံငွေ ဂီတဖျော်ဖြေပွဲတွင် နိုင်ငံကျော်အဆိုတော်များ ဖြစ်သည့် ထူးအယ်လင်း၊ သာဒီးလူ၊ဝန၊ စစ်သူ၊ ဝေလ၊ နောနော်တို့လည်း ပါဝင်မည်...
ရေဘေးသင့်ပြည်သူတွေအတွက် ကာလဒါန အလှူအနေနဲ့ ကျပ်သိန်း ၅၀ လှူဒါန်းခဲ့တဲ့ မိုးဟေကို
ပရိသတ်ချစ်ခင်မှုတွေများစွာ ရရှိထားတဲ့ သရုပ်ဆောင် မိုးဟေကိုက ရေဘေးသင့်ပြည်သူတွေအတွက် ကာလဒါန အလှူအနေနဲ့ ကျပ်သိန်း ၅၀ ကို ခိုင်နှင်းဝေဆီကတစ်ဆင့်လှူဒါန်းခဲ့ပါတယ်။ "ရေဘေးသင့်ပြည်သူတွေနဲ့ ရေဘေးသင့် ဒေသများ အတွက် မိုး နဲ့ မိုးပရိသတ်တွေရဲ့ ကာလဒါနအလှူအဖြစ် မခိုင်နှင်းဝေ...
ရေဘေးအတွက် အလှူငွေ ကျပ်သိန်း ၃၅၀၀ ဝန်းကျင်ခန့် ရရှိနေပြီဖြစ်ကြောင်း သရုပ်ဆောင် ခိုင်နှင်းဝေ ပြော
ရေဘေးဒဏ်ကြုံတွေ့နေရသည့် ဒေသများရှိရေဘေးဒုက္ခသည်များအတွက် အကူအညီပေးနိုင်ရန် ကျပ်သိန်း ၃၅၀၀ ဝန်း ကျင်ခန့် ရရှိနေပြီဖြစ်ကြောင်း သရုပ်ဆောင် ခိုင်နှင်းဝေ က သူမ၏ လူမှုကွန်ယက်မှ တဆင့်ပြောသည်။ ကနဦးတွင် သရုပ်ဆောင် ခိုင်နှင်းဝေမှ ကျပ်သိန်း ၃၀၀ မ-တည်လှူဒါန်းခြင်းဖြစ်ပြီး...
ရေဘေးသင့်နေရာတွေ ကူညီဖို့ လှူဒါန်းသွားမယ့်အလှမယ် အိအိအောင်ထွန်း
မီးမီးအိအိအောင်ထွန်း(MissGrandMyanmar2022) ၊ MeeMeeMyanmarFamilyGroupမှဖန်ဖန်များ နှင့် ကျောက်စိမ်း ရတနာကုန်သည်များစုပေါင်း၍ရေဘေးသင့်ဒေသများအတွက်အရေးပေါ်လိုအပ်နေသော အသက်ကယ်လှေတစ်စီးစာ (နှစ်ဆယ့်ခုနှစ်သိန်းကျပ်) ရေဘေးသင့်ဒေသများအတွက် အစားအသောက်ဆေးဝါးရိက္ခာ (တစ်ဆယ့်နှစ်သိန်းခွဲကျပ်) စုစုပေါင်းအလှူငွေ သုံးဆယ့်ကိုးသိန်းခွဲကျပ် 3950000ကျပ် လှူဒါန်းထားကြောင်း သိရပါသည်။ “သမီး မြန်မာပြည်ရောက်လာတော့ မိုးတွေလည်း တအားရွာတယ်။...