ကချင်၊ စစ်ကိုင်း ၊ ပဲခူးနှင့် မွန်တို့ရှိ တိုင်းနှင့် ပြည်နယ်အဆင့် တရားလွှတ်တော်တရားသူကြီးများ ခန့်အပ်
၂၀၂၄ ခုနှစ် ၊ သြဂုတ်လ (၁)ရက်နေ့
နစက အနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးများကို ယမန်နေ့ ဇူလိုင်လ (၃၁) ရက်စွဲဖြင့် ခန့်အပ်တာဝန်ပေး လိုက်ကြောင်း သိရသည်။ လိုင်လ (၃၁) ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် နစက ၏ အမိန့်အမှတ် ၄၄/၂၀၂၄ အရ ကချင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးအဖြစ် ဒေါ်အေးအေးမော်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီးအဖြစ် ဒေါ်မိမိစိန်တို့ကို ခန့်အပ်တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။
အလားတူ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါက်တာဇော်ဝင်းထွန်းနှင့် မွန်ပြည်နယ် တရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါက်တာအောင်သီဟတို့ကို ခန့်အပ်တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါအမိန့်အား နစက အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
More Stories
ပြည်တွင်း/ပြည်ပ အပြေးအားကစားသမား (၃၅၀)ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် Bagan Temple Marathon 2024 အပြေးပြိုင်ပွဲ
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ ပုဂံရှေး ဟောင်းယဥ်ကျေးမှုနယ်မြေ၌ ယနေ့ နိုဝင်ဘာ ၂၄ ရက်နံနက်ပိုင်းကကျင်းပသည့် Bagan Temple Marathon 2024 အပြေးပြိုင်ပွဲအား ပြည်တွင်း/ပြည်ပမှ အပြေးအားကစားသမား (၃၅၀)ဦး ဝင်ရောက် ယှဥ်ပြိုင်ခဲ့သည်။ အဆိုပါ အပြေးပြိုင်ပွဲအား...
မြန်မာ့တူရိယာစောင်းကောက်ကို စိန့်ပီတာစဘတ်မြို့ရှိ Sheremetev Palace ဂီတပြတိုက်သို့ လွှဲပြောင်းပေးအပ်
မြန်မာ့တူရိယာစောင်းကောက်ကို ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ရှိ Sheremetev Palace ဂီတပြ တိုက်သို့ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသစ်လင်းအုန်းမှ နိုဝင်ဘာ ၂၀ ရက်က လွှဲပြောင်းပေးအပ်ခဲ့သည်။ အခမ်းအနားတွင် မြန်မာသံအမတ်ကြီးဦးသစ်လင်းအုန်းနှင့် စိန့်ပီတာစဘတ်အစိုးရအဖွဲ့၊ ပြင်ပဆက်ဆံရေးကော်မတီ ဒု-ဥက္ကဋ္ဌ Mr. Vyacheslav...
Naypyitaw State Polytechnic University စတင် ဖွင့်လှစ်
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာကဏ္ဍတွင် ထူးခြားဆန်းသစ်စေပြီး နိုင်ငံ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်လာစေမည့် Naypyitaw State Polytechnic University အား နေပြည်တော်၌ နိုဝင်ဘာ ၂၁ ရက်နံနက်ပိုင်းက နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ အခမ်းအနားတွင် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး...
နိုင်ငံရေးပါတီ (၅၀)ကျော် မကြာမီအစည်းအဝေး ပြုလုပ်မည်
နစကအစိုးရက ပြန်လည်ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ မှတ်ပုံတင်ခွင့် ပြုချက်ရရှိပြီးဖြစ်သည့် နိုင်ငံရေးပါတီပေါင်း (၅၀)ကျော်သည် မကြာမီတွင် အစည်းအဝေး ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ယင်းအစည်း အဝေးကို အွန်လိုင်းမှတစ်ဆင့်ပြုလုပ်သွားမည်ဖြစ်ပြီး တန်ဆောင်တိုင်ကာလအပြီး နိုဝင်ဘာလကုန်ပိုင်းတွင် ပြုလုပ်သွားရန် ပြင်ဆင်ထားကြောင်းလည်း သိရပါတယ်။ နိုင်ငံရေးပါတီများကြားမှာ...
ရွေးကောက်ပွဲကျင်းပပြီး သိက္ခာရှိသည့် လွှတ်တော်ကို ဖော်ဆောင်မည်
မိမိတို့အနေဖြ်င့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး သိက္ခာရှိ သည့် ရွေးကောက်ပွဲနှင့် သိက္ခာရှိသော လွှတ်တော်တစ်ရပ်ကို ဖော်ဆောင်ပေးနိုင်ရမည်ဟု နစကဥက္ကဋ္ဌက ပြောသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အား ပြန်လည်ကျင်းပ၍...
မင်းလှမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံး
ပဲခူးတိုင်း(အနောက်ခြမ်း)၊ မင်းလှမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံး သွားကြောင်း သိရသည်။ နိုဝင်ဘာ ၁၉ ရက်၊ နံနက်ပိုင်းက ဖြူးကွင်ကျေးရွာတွင်နေထိုင်သည့် ညောင်းကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးအာကြီး (ခ)ခင်ထွန်းထွန်းလွင်သည် မင်းလှဘက်သို့ဆိုင်ကယ်စီးလာစဉ် ချောင်းနာရွာတောင်ဘက်ထိပ်အနီးတွင် သေနတ်ဖြင့်ပစ် ခတ်ခံရခြင်းဖြစ်ကြောင်း...