The Mask Singer က ဒိုင်တွေကို အရမ်းထုံတယ်လို့ ပြောလိုက်တဲ့ လင်းဇာနည်ဇော်

The Mask Singer သီချင်းဆိုပြိုင်ပွဲက ကြည့်ရှုသူတွေကြားထဲမှာတော့ အရမ်းကို လူကြိုက်များ ရေပန်းစားနေတဲ့ သီချင်းဆိုပြိုင်ပွဲဖြစ်ပါတယ်။ ကြည့်ရှုသူတွေကတော့ Season 1 ကို ပိုပြီးသဘောကျခဲ့ကြပါတယ်။ Season 1 မှာ ဒိုင်တွေက ခိုင်သင်းကြည်၊ ရတနာမိုင်နဲ့ အရိုင်းတို့က ပါဝင်ခဲ့ကြပြီး ပိုရယ်ရခဲ့ပါတယ်။ ဒီနှစ်ကျင်းပတဲ့ပြိုင်ပွဲမှာတော့ ဒိုင်တွေအရမ်း မရယ်ရလို့ ပရိသတ်တွေက အရမ်းသဘောမကျကြပါဘူး။ ပြိုင်ပွဲတွေကပဲ ပိရိတာလား၊ ဒိုင်တွေကပဲ မခန့်မှန်းနိုင်တာလား မသေချာပေမယ့်လည်း သူတို့ခန့်မှန်းလိုက်တဲ့ လူတိုင်းကတော့ လွဲနေပါတယ်။

The Mask Singer သီချင်းဆိုပြိုင်ပွဲမှာ အရုပ်အင်္ကျီတွေကို ဝတ်ထားပြီးတော့ သီချင်းတွေကို ဆိုတာကြောင့် ပရိသတ်တွေကလည်း စိတ်ဝင်စားကြပါတယ်။ အင်္ကျီအောက်က အဆိုတော်က ဘယ်သူဖြစ်မလဲဆိုတာကိုလည်း ခန့်မှန်းနေရတာ ပျော်ဖို့ ကောင်းတာကြောင့် မလွတ်တမ်းကြည့်ရှုကြပါတယ်။ ဒီတစ်ပတ်ရဲ့ပြိုင်ပွဲမှာတော့ ကံကော်ပန်းလေးကို မေခလာလို့အားလုံးက ထင်ခဲ့ကြတာပါ။ မေခလာအသံနဲ့ ဆင်ဆင်တူနေသလို သီချင်းတွေကိုလည်း ပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်တာကြောင့်ပါ။ ဒါပေမယ့်လည်း မထင်မှတ်ဘဲ လင်းဇာနည်ဇော်ဖြစ်နေတာကြောင့် အံ့ဩသွားခဲ့ကြပါတယ်။ တကယ်တော့ လင်းဇာနည်ဇော်က သီချင်းဆိုကောင်းသူဖြစ်ပြီး သီချင်းထက် သရုပ်ဆောင်ပိုင်းကိုပဲ ရွေးချယ်ခဲ့သူပါ။

လင်းဇာနည်ဇော်က သီချင်းဆိုကောင်းတာကြောင့် မေခလာနဲ့တူတယ်လို့ အားလုံးက ထင်သွားခဲ့ကြတာပါ။ လင်းဇာနည်ဇော်က ဒိုင်တွေအားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တာကြောင့် သူဘယ်သူဆိုတာ ခန့်မှန်းလို့ရအောင်လို့ အရိပ်အမြွက်လေးတွေ ပြောပြခဲ့ပါတယ်။ ဒါပေမယ့် ဒိုင်တွေကတော့ မရိပ်မိခဲ့ကြပါဘူး။ လင်းဇာနည်ဇော်က ခင်ဇာခြည်ကျော်နဲ့ ဇာတ်ကားတွေအတူတူရိုက်ခဲ့ဖူးပြီး ညီအစ်မတွေလို နေခဲ့ကြတာပါ။ ဒါပေမယ့် လင်းဇာနည်ဇော်ကို ခင်ဇာခြည်ကျော်က မခန့်မှန်းနိုင်ခဲ့ပါဘူး။

ကျန်တဲ့ဒိုင်သုံးယောက်ကလည်း သူ့ကိုမခန့်မှန်းနိုင်တာကြောင့် ဒိုင်တွေက စုံထောက်ကို ပြောင်းပြန်လှန်ရမလို ဖြစ်နေပြီဆိုပြီးတော့ ပြောလိုက်ပါတယ်။ ဒိုင်တစ်ယောက်တည်းကို စုံထောက်ပြောင်းပြန်လို့ မပြောချင်တာကြောင့် အားလုံးက စုံထောက်ပြောင်းပြန်လို့ ပြောချလိုက်ပါတယ်။ လင်းဇာနည်ဇော်က ပျော်ပျော်နေတတ်သူဖြစ်ပြီးတော့ ဟာသတွေလည်း ပြောတတ်သူပါ။ ဝတ်စုံကြီးတွေ ဝတ်ထားပြီး သီချင်းဆိုရတာက သူ့အတွက်တော့မလွယ်ကူခဲ့ပါဘူး။

ဝတ်စုံက ပူတာကြောင့် မျက်နှာမှာလည်း ချွေးတွေက ထွက်နေပြီး သီချင်းထဲကိုလည်း အာရုံစိုက်ပြီး သီဆိုနေရပါတယ်။ ပရိသတ်တွေကိုလည်း နားထောင်ရကောင်းအောင် သီဆိုပြရတာဖြစ်လို့ ဝတ်စုံကို မြန်မြန်ချွတ်ချင်နေတာပါ။ ဒါပေမယ့် ဒိုင်တွေက သူ့ကို မခန့်မှန်းနိုင်တာကြောင့် ပျော်လည်း ပျော်သလို မပျော်လည်း မပျော်ဘူးဆိုပြီး မမဆောင်းဖြစ်နေပါတယ်။

လင်းဇာနည်ဇော်က ဦးထုပ်ကို ချွတ်ပြီး ပရိသတ်တွေဘက်ကို လှည့်လိုက်ချိန်ကိုတော့ အားလုံးက သဘောကျသွားခဲ့ပါတယ်။ သူ့မျက်နှာလေးက အရင်ကလို ချစ်စရာကောင်းနေသလို အပြစ်ကင်းပြီးတော့ ဖြူစင်နေပါတယ်။ ပရိသတ်တွေကိုလည်း ရင်းရင်းနှီးနှီးဆက်ဆံတတ်သူဖြစ်တာကြောင့် လင်းဇာနည်ဇော်က လူချစ်လူခင်ပေါများတဲ့သူပါ။

နောက်ထပ်ပြိုင်ပွဲဝင်တွေလည်းရှိသေးတာကြောင့် ပရိသတ်တွေကလည်း အကြိတ်အနယ်ခန့်မှန်းနေကြပါတယ်။ ပရိသတ်ကြီးရော The Mask Singer သီချင်းဆိုပြိုင်ပွဲကို သဘောကျရဲ့လား၊ ဒီပြိုင်ပွဲက ဒိုင်တွေက လင်း‌ဇာနည်ဇော်ပြောသလို ပြောင်းပြန်စုံထောက်တွေ ဖြစ်နေလား

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကရင်ပြည်နယ်တွင် ရေဘေးကြောင့် ယာယီကယ်ဆယ်ရေး စခန်းပေါင်း (၅၇) ခုဖွင့်လှစ်ရ
Next post (၃၁-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ