ရုပ်ရှင်တွေမှာ ခန္ဓာကိုယ်ကို ဖော်ချွတ်ဖို့ဝန်မလေးဘူးဆိုတဲ့ Sydney Sweene

ခန္ဓာကိုယ်အချိုးအစားလှပမှုနဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားလာတဲ့ ဟောလိဝုဒ်သရုပ်ဆောင် Sydney Sweeney ကတော့ သူ(မ)ရဲ့ ကိုယ်ခန္ဓာအလှအပတွေကို ပရိသတ်တွေဆီကို ဆက်လက်ချပြဖို့အစီအစဥ်ရှိနေသေးပုံပါပဲ။

HBO ရဲ့ နာမည်ကျော် Euphoria ဇာတ်လမ်းတွဲမှာ Cassie Howard ဇာတ်ကောင်နဲ့ ပိုမိုလူသိများတဲ့ Sydney Sweeney ကတော့ ရုပ်ရှင်တွေထဲမှာ ခန္ဓာကိုယ်အလှအပကို ဖွင့်လှစ်ပြသတဲ့ပြကွက်တွေကို ဆက်လက်ရိုက်ကူးဖို့ ဝန်မလေးကြောင်း ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။

The Hollywood Reporter မဂ္ဂဇင်းနဲ့ အင်တာဗျူးတစ်ခုမှာ Sydney Sweeney က ရုပ်ရှင်တွေထဲက ဖော်ချွတ်ခန်းတွေနဲ့ ပတ်သက်ပြီးပြောပြလာရင်းနဲ့ သူ(မ)အနေနဲ့ အဲဒီလိုဇာတ်ဝင်ခန်းတွေအပေါ် ရိုက်ကူးဖို့ဝန်မလေးကြောင်း အခုလို ပြောပြလာ ပါတယ်။

“လူတွေက ကျွန်မက သရုပ်ဆောင်နေတာပါလားဆိုတာကိုမေ့သွားကြပြီးတော့ ‘သူကတော့ ဇာတ်ကားထဲမှာချွတ်ပြနေပြီ။ ဖော်ချွတ်အသားပေးတယ်။’ ဆိုပြီး ဖြစ်ကုန်ရော။ အဲဒီအခန်းတွေနဲ့ပတ်သက်ပြီး ကျွန်မကတော့ ကိစ္စမရှိသလို ဆက်ပြီးလဲ ရိုက်ဦးမှာပဲ။ ဒါပေမယ့်ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီလောကထဲကသရုပ်ဆောင်တွေအပေါ် မြင်ကြတဲ့အမြင်တွေအကြောင်း ပွင့်ပွင့်လင်းလင်းပြောကြဆိုကြဖို့လိုမယ်လို့ထင်ပါတယ်။”

လူတွေက သူ(မ)ကို သရုပ်ဆောင်နဲ့ ဇာတ်ကောင်အပေါ် ကွဲပြားစွာမမြင်ကြပဲ ဖော်ချွတ်ပြသမှုကိုသာမြင်ကြတယ်ဆိုတဲ့ အကြောင်း Sydney Sweeney က ပြောလာခဲ့တာပါ။ Sydney Sweeney ဟာ လက်ရှိမှာ Ana De Armas နဲ့ Vanessa Kirby တို့နဲ့အတူ Eden ဆိုတဲ့ survival thriller ရုပ်ရှင်တစ်ကားမှာ ပါဝင်ထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၃၀-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၃၁-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်