(၃၁-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၃၁-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ တရားဥပဒေ စိုးမိုးရေးအတွက် တာဝန်ရှိသူများ အမှန်တကယ် အလုပ်လုပ်ဆောင်ရန် လိုကြောင်း နစက ဥက္ကဋ္ဌ ပြော

၂။ အိမ်အရောက်ပိုစနစ်ဖြင့် ဆန်အိတ်ရောင်းချပေးခြင်းကို စိတ်ဝင်စားမှုများနေပြီး နေ့စဉ်အိမ်ထောင်စု (၂၀ဝ) နီးပါးကို ပိုဆောင်လျက်ရှိ

၃။ ပဲခူးဘူတာ ရေကျော်နေသေးသဖြင့် ယနေ့ ရထားခရီးစဉ်များ ထပ်မံဖျက်သိမ်း

၄။ စားအုန်းဆီကို လက်ကားဈေးအတိုင်း အိမ်အရောက်ပိုစနစ်အား မနက်ဖြန်မှစ၍ မှာယူနိုင်ပြီ

၅။ အမေရိကန်ပါဝင်သော Quad အုပ်စုဝင်နိုင်ငံများက မြန်မာနိုင်ငံအပါအဝင် နိုင်ငံသုံးနိုင်ငံကို အကြမ်းဖက်မှုများ ရပ်ဆိုင်းရန် တောင်းဆို

၆။ လောက်ကိုင်တွင် ဗမာလူမျိုးမှန်သမျှ MNDAA က ဖမ်းဆီးနေပြီး ၎င်းတို ဖမ်းဆီးထားသူ အယောက် (၅၀၀) ခန့်အထိ ရှိလာပြီဖြစ်

၇။ လားရှိးမြို အ-ထ-က ၅ နဲ့ တပ်ဆေးရုံကို အကြမ်းဖက် MNDAA မှ လက်နက်ကြီးနဲ့ ပစ်ခတ်

၈။ ဇူလိုင်လ ၃၀ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၆၄၃,၄၆၄ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၆၃၀ ကျပ်၊ Octane 95 – ၂၇၅၀ ကျပ်၊ Diesel – ၂၃၆၅ ကျပ်၊ Premium Diesel – ၂၇၇၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ လွန်လွန်ကျူးကျူး လက်တုန့်ပြန်မှုမဖြစ်ဖို အစ္စရေးကို အမေရိကန်ဦးဆောင်သော သံတမန်တွေ ဖိအားပေး

၂။ အစ္စရေးကို လူသတ်လိုင်စင်မပေးဖို လက်ဘနွန်နိုင်ငံခြားရေးဝန်ကြီးပြော

၃။ ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေ ပြန်လွှတ်ပေးရေးတောင်းဆိုချက်ကို လျစ်လျူရှုမှုကြောင့် ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြမှုတွေ ပြန်စ

၄။ အမေရိကန်က ယူကရိန်းအတွက် ဒေါ်လာ သန်း ၂၀၀ တန်ဖိုးရှိ စစ်ဘက်ဆိုင်ရာ အကူအညီများ ထပ်မံပံ့ပိုးပေး

၅။ အိန္ဒိယနိုင်ငံတွင် လူစီးရထားတစ်စီး လမ်းချော်၍ လူနှစ်ဦးသေကာ ၂၀ ဦးဒဏ်ရာရ

၆။ ဒရုန်းတန်ပြန်တိုက်ဖျက်ရေးစနစ်ကို အမေရိကန်ကြည်းတပ် လက်တွေ့စမ်းသပ်

အားကစားသတင်းများ

၁။ ၂နှစ်တစ်ကြိမ်ကျင်းပသည့် ဝူရူးချန်ပီယံရှစ် ၂၀၂၄ပွဲ သို စင်ကာပူမြို သံရုံးယာယီတာဝန်ခံ/ သံအမတ်မှ တက်ရောက် ဆုချီးမြှင့်

၂။ မြန်မာကြက်တောင်မယ် သက်ထားသူဇာ ပြိုင်ဘက်ကနေဒါကို ရှုးနိမ့်ပြီး အုပ်စုမှ ထွက်ခဲ့ရ

၃။ ဂျာအို နေးဗက်စ်အပြင် ကင်မစ်ချ်ကိုပါ ထပ်မံ ခေါ်ယူဖို ဘိုင်ယန်နဲ့ ဆွေးနွေးနေတဲ့ ပီအက်စ်ဂျီ

၄။ အင်္ဂလန်ရဲ့ ယူရိုလူစာရင်းမှာ ချန်လှပ်ခံရခြင်းက သူ့အတွက် တွန်းအားတွေ ဖြစ်လာစေမယ်လို ဂရီးလစ်ရှ် ဖွင့်ဟ

၅။ ဂျုဗင်တပ်စ်ကနေ ထွက်ခွာပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲဆီကို ပြောင်းရွှေ့လာချင်နေတဲ့ ခီယေဆာ

အနုပညာသတင်းများ

၁။ ပရိသတ်တွေဆီက စာမေးပွဲအစစ်ခံရမှာမိုလို အရမ်းစိတ်လှုပ်ရှားနေတဲ့ စိုင်းစိုင်းခမ်းလှိင်

၂။ ဇနီးပရိုဂျူဆာက သရုပ်ဆောင်ပိုင်းကို အားမရဘူးလို အပြောခံခဲ့ရတဲ့ အောင်ရေချမ်း

၃။ ခါးပတ်နဲ့ အရိုက်ခံရလို နှုတ်ခမ်းကိုက်တာ Mention ခေါ်ပြီး Troll ကြတဲ့အပေါ် စိတ်မဆိုးပါဘူးဆိုတဲ့ မေပန်းချီ

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရုပ်ရှင်တွေမှာ ခန္ဓာကိုယ်ကို ဖော်ချွတ်ဖို့ဝန်မလေးဘူးဆိုတဲ့ Sydney Sweene
Next post ကရင်ပြည်နယ်တွင် ရေဘေးကြောင့် ယာယီကယ်ဆယ်ရေး စခန်းပေါင်း (၅၇) ခုဖွင့်လှစ်ရ