အာဇာနည်နေ့၌ လမ်းအချို့ကို လမ်းပိတ်/လမ်းလွှဲ ဆောင် ရွက်သွားမည်

ဇူလိုင် (၁၉) ရက်တွင်ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားပြုလုပ်နေစဉ်အတွင်း ရန်ကုန်မြို့ရှိ လမ်းတချို့ကို ခေတ္တပိတ်ကာ လမ်းပိတ်၊ လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်အသိပေးထားသည်။

ထုတ်ပြန်ချက်တွင် အာဇာနည်နေ့ အခမ်းအနားကို ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ ပြုလုပ်မည်ဖြစ်ကာ နံနက် (၄) နာရီမှ အခမ်းအနားပြီးဆုံးချိန်အထိ အနောက်ရွှေဂုံတိုင်လမ်းအား ရေတာရှည်လမ်းဟောင်းမှလည်းကောင်း၊ ရွှေဂုံလမ်းအား ဓမ္မစေတီ-ရွှေဂုံလမ်းဆုံမှလည်းကောင်း၊ အာဇာနည်လမ်းအား အနောက်ရွှေဂုံတိုင်လမ်းမှ ဦးထောင်ဘိုလမ်းအထိ လည်းကောင်း၊ ဦးဝိစာရလမ်းအား ဦးဝိစာရအဝိုင်းမှ ဦးဝိစာရ-ဓမ္မစေတီလမ်းဆုံအထိလည်းကောင်း လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုနည်းတူ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်အနီးရှိ လမ်းပိုင်းကိုလည်း ဇူလိုင် (၁၉) ရက်တွင် နံနက် (၅)နာရီမှ ညနေ (၆)နာရီအတွင်း နတ်မောက်လမ်းအား ဝင်္ကဘာလမ်းဆုံမှ ဖိုးစိန်လမ်းဆုံထိလည်းကောင်း၊ ဗိုလ်ချုပ်ပြတိုက်လမ်းအား ငါးထပ်ကြီးဘုရားလမ်းဆုံနှင့် စောမဟာလမ်းဆုံမှလည်းကောင်း၊ ဗိုလ်ချိုလမ်းအား ရွှေကြက်ယက်လမ်းနှင့် ဆုံရာမှ လည်းကောင်း လမ်းပိတ်/လမ်းလွှဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် အလံတင်အခမ်းအနား ကျင်းပမည့် အတွင်းဝန်ရုံးအနီးရှိ လမ်းအချို့ကိုလည်း ဇူလိုင် (၁၉)ရက်တွင် နံနက် (၅) နာရီမှ ညနေ (၆) နာရီအတွင်း သိမ်ဖြူလမ်းအား ဗိုလ်ချုပ်လမ်းဆုံမှ ကုန်သည်လမ်းဆုံအထိလည်းကောင်း၊ အနော်ရထာလမ်းအား ဗိုလ်မြတ်ထွန်းလမ်းဆုံမှလည်းကောင်း၊ မဟာဗန္ဓုလလမ်းအား ပန်းဆိုးတန်းလမ်းဆုံမှလည်းကောင်း၊ ဗိုလ်အောင်ကျော်လမ်း အား ကုန်သည်လမ်းဆုံမှလည်းကောင်း လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ယင်းကဲ့သို့ လမ်းပိုင်းများ လမ်းပိတ်/လမ်းလွှဲရှိမှုများကြောင့်ယာဉ်မောင်းများအနေဖြင့် အာဇာနည်နေ့ အခမ်းအနားကျင်းပစဉ် တခြားသင့်လျော်သည့် လမ်းများမှ မောင်းနှင်သွား လာနိုင်ကြရန်လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေး နှိုးဆော်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မင်္ဂလာပွဲအထိမ်းအမှတ် လူ ၃၅၀၀၀၀ ခန့်ကို စတုဒီသာ ထမင်းကျွေးမွေးခဲ့သော အိန္ဒိယ ဘီလျံနာ မိသားစု
Next post ပြဋ္ဌာန်းထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို ဘဏ် တာဝန်ရှိသူများ အဆင့်ဆင့်က အထူးအလေးထား ပူးပေါင်း ဆောင်ရွက်ပေးကြရန် နစက အတွင်းရေးမှူး ပြောကြား