အမရပူရတွင် Denko စက်သုံးဆီဆိုင် ဓားပြတိုက်ခံရ
မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ မုတ်ပုလဲကျေးရွာရှိ Denko စက်သုံးဆီအရောင်းဆိုင်ကို နိုဝင်ဘာ ၁၇ ရက်၊ မွန်းလွဲ ၂ နာရီ ၃၀ မိ နစ်တွင် အမည်မသိလူတစ်ဦးက သေနတ်ဖြင့်ခြိမ်းခြောက်ကာ ဓားပြတိုက်ခဲ့ကြောင်း သိရသည်။
Denko စက်သုံးဆီအရောင်းဆိုင်ကို အသက် ၃၀ နှစ်ခန့်အရွယ်လူတစ်ဦးက CZI-125 နက်ပြာရောင်ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဂျာကင်အင်္ကျီနက်ပြာရောင်အတွင်းမှ သေနတ်ရှည်ဖြင့် ဆိုင်အတွင်း ငါးချက်ခန့်ပစ်ဖောက်ခြိမ်း ခြောက်ကာ ငွေကျပ် ၁၂ သိန်းကျော်ကို ဓားပြတိုက်ယူသွားကြောင်း သိရသည်။
“ဆိုင်ကယ်ဓာတ်ဆီဖြည့်မလို့ရောက်လာပြီး ဆိုင်အတွင်းနဲ့ ပြင်ပအခြေအနေကြည့်ပြီး သေနတ်နဲ့ခြိမ်းခြောက် ဓားပြ တိုက်သွားတဲ့သဘောပါ။ CCTV အရ ဓားပြတိုက်သူက အသက် ၃၀ ကျော်လောက်ရှိပါမယ်။ သေနတ်ကိုင်ပြီး ပစ် ခတ်တော့ ဆိုင်ထဲလူတွေလည်း ကြောက်လန့်ကုန်ကြတာ အမှန်ပါ။” ဟု Denko စက်သုံးဆီအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဓားပြတိုက်ခဲ့သူအမျိုးသားသည် ထုံးဘို-ပြင်ဦးလွင်လမ်းဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ ၂၀၂၄ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း လုယက်ဓားပြတိုက်ခံရမှု ၁၀ ကြိမ်ထက်မနည်းဖြစ်ပေါ်ခဲ့ပြီး ပြည်သူအများ လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေရကြောင်း မန္တလေးမြို့ခံများ၏ ပြောဆိုချက်အရ သိရသည်။