ဧရာဝတီမြစ်ရေသည် ၃၆ နာရီအတွင်း မန္တလေးမြို့၏ စိုးရိမ်ရေမှတ် ၁၂၆၀ စင်တီမီတာသို့ ရောက်ရှိနိုင်

မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မန္တလေး) စခန်း ၏ ဇူလိုင် ၇ ရက် မွန်းတည့် ၁၂ နာရီခွဲ တိုင်းတာချက် များအရ ဧရာဝတီမြစ်ရေသည် နောက်ထပ် ၃၆ နာရီအတွင်း မန္တလေးမြို့၏ စိုးရိမ်ရေမှတ် (၁၂၆၀) စင်တီမီတာသို့ ရောက်ရှိ နိုင်ကြောင်း သိရှိရပါသည်။

“မြစ်ရေက တော်တော်လေးကို တက်လာတယ်။ အိမ်နားလေးကို မြစ်ရေက ရောက်နေပြီ။ မြစ်ရေထဲမှာ အထက်ကနေ စိန်တွေ၊ ရွှေဆွဲကြိုးတွေ၊ ပိုက်ဆံတွေ မျောပါလာကြတယ်ဆိုပြီး ရှာဖွေ နေတဲ့သူတွေ ရှိကြတယ်။ တိရိစ္ဆာန်အသေတွေရော မျောပါလာကြတယ်”ဟု မင်းကွန်းသွားသည့် ကားလမ်းဘေးတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မန္တလေး) စခန်း ၏ တိုင်းတာချက်များ အရ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အတွင် ဧရာဝတီမြစ်ရေသည် (၁၁၆၀) စင်တီမီတာတွင်ရှိနေပြီး နောက်ထပ် ၂၄ နာရီ အတွင်း (၁၂၃၀) စင်တီမီတာ ထိ ရှိလာနိုင်ကြောင်း ခန့်မှန်းချက် ထုတ်ပြန်ထားသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက် ဇူလိုင် ၈ ရက် မိုးလေဝသ ခန့်မှန်းချက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည် ဖြစ်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မိုးရွာသွန်းမှုကြောင့်ပြိုကျခဲ့သည့် နန်းယွန်း-ပန်ဆောင်သွား လမ်းပိုင်း တစ်ပတ်ကျော်အထိ မပြုပြင်နိုင်သေးသည့်အတွက် ဒေသခံများ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေ
Next post ရုပ်ရှင်သရုပ်ဆောင် ခင်လှိုင်၊ မြင့်မြတ်နှင့် ဟာသအနုပညာရှင် မာမီသက်၊ မိုးညိုတို့ ဟာသပညာထူးချွန်ဆုရရှိ