မိုးရွာသွန်းမှုကြောင့်ပြိုကျခဲ့သည့် နန်းယွန်း-ပန်ဆောင်သွား လမ်းပိုင်း တစ်ပတ်ကျော်အထိ မပြုပြင်နိုင်သေးသည့်အတွက် ဒေသခံများ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေ

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မိုးရွာသွန်းမှုကြောင့် နန်းယွန်း-ပန်ဆောင်သွား လမ်းမြေပြိုမှု ဖြစ်ခဲ့ရာ တစ်ပတ်ကျော်ကြာအထိ မပြုပြင်နိုင်သေးခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာနေကြောင်း ဒေသခံများ ထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းမှစတင်ပြီး မိုးရွာသွန်းမှုဒဏ်ကြောင့် နန်းယွန်း-ပန် ဆောင်သွားလမ်းပိုင်းမှ လောက်လိုင်ကျေးရွာနှင့် နမ်မလစ်ကျေးရွာအနီးတွင် မြေပြိုမှုများဖြစ်ခဲ့ရာ တစ်ပတ်ကျော်အထိရှိလာပြီဖြစ်သော်လည်း ပြုပြင်ခြင်းမရှိသေးသည့် အတွက် ခရီးသည်များခက်ခဲစွာသွားလာနေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“လမ်းပိုင်းပြိုတာက နှစ်ပတ်နီးပါးအထိရှိလာပြီ။ အခုထိကို မပြင်ရသေးတော့ သွားရလာရအတော်ခက်နေတယ်။ လက်ရှိ ဆိုင်ကယ်တွေလောက်ပဲ သွားလို့ရ တာ။ ဆိုင်ကယ်တောင်တစ်စီးကို ကျပ်နှစ်သောင်းနှုန်းယူပြီး ထမ်းပြီးပို့ဆောင်ပေးနေတဲ့ သူတွေရှိလို့သာ သွားလာနိုင်တာ။” ဟု ၎င်းကဆက်ပြောသည်။

အဆိုပါလမ်းပိုင်းပျက်စီးမှုကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တာက်ကာ ပန်ဆောင်မြို့နယ်တွင် ကုန်ပစ္စည်းများ ပြတ်လပ်သည့်အထိဖြစ်လာပြီး ကုန်ဈေးနှုန်းများလည်း မြင့်တက်လာသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် လမ်းပိုင်းကိုအမြန်ဆုံးပြုပြင်ပေးနိုင်ရန် လိုလားနေကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အချစ်ဒရာမာဇာတ်လမ်းပုံစံ “အတ္တရောင်အချစ်” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး ကျင်းပ
Next post ဧရာဝတီမြစ်ရေသည် ၃၆ နာရီအတွင်း မန္တလေးမြို့၏ စိုးရိမ်ရေမှတ် ၁၂၆၀ စင်တီမီတာသို့ ရောက်ရှိနိုင်