ရုပ်ရှင်သရုပ်ဆောင် ခင်လှိုင်၊ မြင့်မြတ်နှင့် ဟာသအနုပညာရှင် မာမီသက်၊ မိုးညိုတို့ ဟာသပညာထူးချွန်ဆုရရှိ

ရုပ်ရှင်သရုပ်ဆောင် ခင်လှိုင်၊ မြင့်မြတ်နှင့် ဟာသအနုပညာရှင် မာမီသက်၊ မိုးညိုတို့ကို နစက-က ဟာသပညာ ထူးချွန်ဆုများ ကို ဇူလိုင် ၇ ရက်နေ့က ချီးမြှင့်ခဲ့သည်။ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို) ၁၄ ကြိမ်မြောက် သက်ကြီးဟာသ ပညာရှင်များအား ဂါရဝပြု ကန်တော့ပွဲနှင့် ဟာသပညာထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၇ ရက်နေ့က နေပြည်တော် မှာ ကျင်းပခဲ့သည်။

ထို့နောက် နစက၏ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ခင်လှိုင်၊ မြင့်မြတ် တို့ကို ဟာသပညာထူး ချွန်ဆု ချီးမြှင့် ခဲ့သလို ဒိန်းဒေါင်ကိုလည်း အမှတ်တရ လက်ဆောင်ပေးခဲ့သည်။ အလားတူ ဟာသအနုပညာရှင် မာမီသက်နှင့် မိုးညိုတို့ကို လည်း ဟာသပညာထူးချွန်ဆု ချီးမြှင့်ခဲ့သလို ဟာသ အနုပညာရှင် အုန်းဒိုင်းကိုလည်း ဟာသပညာပံ့ပိုးမှုထူးချွှန်ဆု ချီးမြှင့် ခဲ့သည်။

ထို့အပြင် ချစ်ချော၊ ပေါ်ဦး၊ ဒါရိုက်တာ ကိုဇော် (အာရုဏ်ဦး)နှင့် ဒါရိုက်တာမောင်သီတို့ကိုလည်း ဟာသပညာ ဖန်တီးမှု ထူးချွန်ဆုများ ချီးမြှင့်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဧရာဝတီမြစ်ရေသည် ၃၆ နာရီအတွင်း မန္တလေးမြို့၏ စိုးရိမ်ရေမှတ် ၁၂၆၀ စင်တီမီတာသို့ ရောက်ရှိနိုင်
Next post နစက ဒုဥက္ကဋ္ဌနှင့် တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဂရက် အမျိုးသားကော်မတီဥက္ကဋ္ဌ တို့ တရုတ်နိုင်ငံ ချင်းတောင်မြို့တွင် တွေ့ဆုံ