(၂၈-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂၈-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက် ထုတ်ပြန်ခြင်း နှစ် (၇၀) ပြည့် အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်မည့် နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန် တရုတ်နိုင်ငံသို့ထွက်ခွာ

၂။ ယုံကြည်လက်ခံနိုင်တဲ့ အစီရင်ခံစာတွေ ထုတ်ပြန်ဖို့ ကုလသမဂ္ဂကို နစက တောင်းဆို

၃။ ဧရာဝတီတိုင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

၄။ YGEA ၏ တာဝန်ရှိသူများကို ခေါ်ယူစစ်ဆေးပြီး နှစ်ပတ်ကျော်အတွင်း သတ်မှတ်ရွှေဈေး ကျပ် ၄၅ သိန်းအောက် ကျဆင်းခဲ့သလို ပြင်‌ပရွှေဈေးပါ ကျပ်သိန်း ၅၀ အောက် ကျဆင်းလာ

၅။ ထားဝယ်မြို့ပေါ်က အထက်တန်းကျောင်းအနီးကနေ PDF တွေထောင်ထားတဲ့ ဗုံးတွေ့လို့ ရှင်းလင်းခဲ့ရ

၆။ သီပေါမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပေါ်နေခြင်းကြောင့် မြရွှေဂူစာသင်တိုက်မှ သံဃာတော်များ၊ စားသင်သား ကိုရင်များ တိမ်းရှောင်နေရ

၇။ ဒိုက်ဦးမြို့တွင် အုပ်ချုပ်ရေးမှူးကို လုပ်ကြံသတ်ဖြတ်ခဲ့သည့် အကြမ်းဖက် PDF နှစ်ဦး အသေရ

၈။ ဇွန်လ ၂၇ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၄၇၉,၈၉၉ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၅၈၀ ကျပ်၊ Octane 95 – ၂၇၁၅ ကျပ်၊ Diesel – ၂၄၂၀ ကျပ်၊ Premium Diesel – ၂၈၅၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ နိုင်ငံတကာရာဇ၀တ်ခုံရုံး (ICC) သည် ရုရှား ကာကွယ်ရေး ဝန်ကြီးဟောင်း Shoigu နှင့် စစ်ဦးစီးချုပ် Gerasimov တိုအား စစ်ရာဇ၀တ်မှုများအတွက် ဖမ်းဝရမ်းထုတ်ခဲ့

၂။ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဟားမားစ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာ၏ မိသားစုဝင် အနည်းဆုံး ၁၀ ဦးသေဆုံး

၃။ လွှတ်တော်ကိုစီးနင်းသိမ်းပိုက်ဖိုကြိုးစားတဲ့ ကင်ညာဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းခဲ့တဲ့အတွက် ဆန္ဒပြသူ လေးငါးဦး သေဆုံး

၄။ တရုတ်-ထိုင်ဝမ် စစ်ပွဲဖြစ်လာရင် အသုံးပြုနိုင်အောင် အမေရိကန်က တာဝေးဒရုန်းတွေ ထုတ်လုပ်ဖိုလိုအပ် ကြောင်း စစ်ရေးအကြံပေးအဖွဲပြော

၅။ မြောက်ကိုရီးယားက အသံထက်မြန်တဲ့ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို တောင်ကိုရီးယားစစ်ဘက်ပြော

၆။ ပြင်သစ်အမြောက်တပ်ဖွဲတွေကို DT46 တာဝေးဒရုန်းတွေတပ်ဆင်မည်

အားကစားသတင်းများ

၁။ ပြိုင်ပွဲနှင့် (၁)နှစ်ကျော်ကြာ ဝေးကွာနေသည့် MMA ဖိုက်တာ အောင်လအန်ဆန်ကို ONE 168 ပြိုင်ပွဲတွင် တူရကီဖိုက်တာ အာဒိုဂန်နှင့် ပွဲတည်ပေးထား

၂။ Myanmar National League 2024-25 ပြိုင်ပွဲဝင်အသင်း အချင်းချင်း ခြေစမ်းပွဲစဉ်များ ကစားကာ လေ့ကျင့်ပြင်ဆင်

၃။ ၂၀၂၆ကမ္ဘာ့ဖလား ခြေစစ်ပွဲ(အာရှဇုန်) တတိယအဆင့် အုပ်စုမဲခွဲမှုရလဒ်များ ထွက်ပေါ်လာ

၄။ ပေါ်တူဂီကို ဂိုးပြတ်အနိုင်ယူကာ ၁၆သင်းအဆင့်ကို ထိုက်ထိုက်တန်တန် တက်ရောက်သွားတဲ့ ဂျော်ဂျီယာ

၅။ ချက်အသင်းကို အနိုင်ယူကာ ရှုံးထွက်အဆင့်တက်လှမ်းလာတဲ့ တူရကီ

အနုပညာသတင်းများ

၁။ မောင်နှမမို တူတယ်လိုထင်ကြပေမယ့် သျှင်းမြတ်နဲ့ မေမြင့်မိုရ်ကို ခွဲပြီးမြင်ရင် ပိုကောင်းပါတယ်ဆိုတဲ့ သျှင်းမြတ်

၂။ Wedding Show လျှောက်တာ ငယ်ဘဝကို ပြန်ရောက်သွားသလို ခံစားရတယ်ဆိုတဲ့ ဘုန်းလျှံ

၃။ အနုပညာသမားဖြစ်တဲ့အတွက် လူတွေမျက်စိနောက် အမြင်ကပ်မဲ့ဟာတွေ မလုပ်ချင်ဘူးဆိုတဲ့ အောင်ရေချမ်း

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ချောက်မြို့ရှိ လူဦးရေ ( ၁၀,၀၀၀ )စာ အတွက် စတုဒိသာ ကျွေးမွေးခဲ့တဲ့ မင်းသားကြီး နေထူးနိုင် တို့အဖွဲ့
Next post ပြိုင်ပွဲဝင်အသင်း (၈)သင်း ပါဝင်မည့် ၂၀၂၄ မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲအတွက် ပွဲစဉ်ဇယားထုတ်ပြန်