(၂၁-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂၁-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့တွင် ပုလဲအတွဲပေါင်း (၁၀၈)တွဲရောင်းချရ

၂။ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဦးတည်ချက်များ၊ ဆောင်ပုဒ်တိုနှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်သွားမည်

၃။ ဗဟိုဘဏ်မှ ဒေါ်လာသန်း (၂၀)နှင့် ထိုင်းဘတ်သန်း (၁၀၀) ထပ်မံထုတ်ရောင်း

၄။ ၂၀၂၀ ရွေးကောက်ပွဲ “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တိုတွင် နိုဝင်ဘာ ၂၂ ရက်မှ စတင်လေ့လာဖတ်ရှုနိုင်မည်

၅။ မြန်မာ့အရေးကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအသစ်အဖြစ် တာဝန်ယူချိန်တွင် ဖြေရှင်းနိုင်ရန် ကြိုးပမ်းမည်ဟု မလေးရှားအစိုးရပြော

၆။ နိုင်ငံရေးပါတီ (၅၀)ကျော် မကြာမီအစည်းအဝေး ပြုလုပ်မည်

၇။ KNU ထိန်းချုပ်ရာ တပ်မဟာ(၆)နယ်မြေအတွင်း၌ (၅)နှစ်အရွယ်ကလေးငယ်အပါအဝင် မိသားစုဝင်(၃)ဦး သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများတွေ့ရှိ

၈။ နိုဝင်ဘာလ ၂၀ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၃၄၀,၉၇၆ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၀၁၀ ကျပ်၊ Octane 95 – ၃၂၀၀ ကျပ်၊ Diesel – ၂၆၆၅ ကျပ်၊ Premium Diesel – ၃၃၁၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ယူကရိန်းတွင် လူသတ်မြေမြှုပ်မိုင်း(antipersonnel landmines)များကို အမေရိကန်က အသုံးပြုခွင့်ပေးပြီးဖြစ်ကြောင်း ပင်တဂွန်အတည်ပြု

၂။ ရုရှားသမ္မတ ပူတင်က ရုရှားနိုင်ငံ၏နောက်ဆုံး နျူကလီးယားဆိုင်ရာ အယူဝါဒကို အတည်ပြု

၃။ SpaceX ကုမ္ပဏီရဲ့ Starship ဒုံးပျံစမ်းသပ်ပစ်လွှတ်မှုကို ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က အီလွန်မတ်စ်ခ်နှင့်အတူ တက်ရောက်ကြည့်ရှု

၄။ အမေရိကန်က စစ်ရေးအကူအညီတွေကို ဖြတ်တောက်လိုက်မယ်ဆိုရင် ရုရှားနဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲကို ရှုးနိမ့်သွားလိမ့်မယ်လို ယူကရိန်းသမ္မတပြော

၅။ အခွင့်အလမ်းကို ဖန်တီးမပေးခဲ့လျှင် ဘင်္ဂလားဒေ့ရှ်လူငယ်များ အခြားတော်လှန်ရေးတစ်ခုခုကို မီးမွှေးလိမ့်မည်ဟု ယူနွတ်ပြော

၆။ အိန္ဒိယနဲ့တရုတ်ကြား တိုက်ရိုက်လေကြောင်းခရီးစဉ်တွေ ပြန်လည်စတင်ဖို ဆွေးနွေးမှုတွေ လုပ်ဆောင်

အားကစားသတင်းများ

၁။ FIFA ဖူဆယ်ဒိုင်လူကြီး(ဟောင်း)ဦးဝင်းကျော်ဦး ကွယ်လွန်

၂။ ဧရာဝတီတိုင်းဒေသကြီးတွင် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို ဝင်ရောက်ယှဉ်ပြိုင်မည့် ဘော်လီဘောလက်ရည်စမ်း ယှဉ်ပြိုင်မှုများ ကျင်းပ

၃။ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းရဲ့နည်းပြ ဂျရာဒို မာတီနိုဟာ ပုဂ္ဂိုလ်ရေးအကြောင်းပြချက်နဲ့ အသင်းကနေ ထွက်ခွာသွားပြီဖြစ်

၄။ ဂရင်းစလင်း ၂၂ ကြိမ် ချန်ပီယံဖြစ်သူ ရာဖေးလ်းနာဒဲလ် ဟာ ၂၂ ကြိမ်ကြာတင်းနစ်ကစားသမားဘဝကနေ အနားယူလိုက်ပြီဖြစ်ကြောင်း ကြေညာ

၅။ မိုက်ကယ် ဂျော်ဒန် ဟာ အားကစားလောကမှာ ရင်းနှီးမြုပ်နှံမှုများလုပ်ဆောင်တဲ့လုပ်ငန်းဖြစ်တဲ့ Courtside Ventures မှာ အစုရှယ်ယာများ ထည့်ဝင်

အနုပညာသတင်းများ

၁။ ပထမဦးဆုံး First Experience မှာ၊ ဒါရိုက်တာကိုဇော်နဲ့ Meeting မှာ အော်ခံရလို လန့်သွားတယ်ဆိုတဲ့ သဲစုညိမ်း

၂။ “သစ္စာမဲ့ကြောင်း ထင်ရှားပါသဖြင့်” ဇာတ်လမ်းတွဲမှာ အိမ်ထောင်သည်အမျိုးသား ကောင်းခန့် ကာရိုက်တာကို ရင်ထဲခံစားရလို လက်ခံရိုက်ကူးထားတယ်ဆိုတဲ့ လွှမ်းပိုင်

၃။ ကြည်နူးဆွတ်ပျံ့ဖွယ်ရာ အချစ်ကားလေးဖြစ်လာဖို အကောင်းဆုံး ကြိုးစားပြင်ဆင်ရိုက်ကူးသွားပါမယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကြည်နူးဆွတ်ပျံ့ဖွယ်ရာ အချစ်ကားလေးဖြစ်လာဖို့ အကောင်းဆုံး ကြိုးစားပြင်ဆင်ရိုက်ကူးသွားပါမယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်
Next post ထိတ်လန့် ခြောက်ခြားဖွယ် ဇာတ်လမ်းပုံစံ “အတ္တလွန်” ဇာတ်ကား Press Show ကျင်းပ