(၁၆-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၆-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ နေပြည်တော်ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား နစက ဥက္ကဋ္ဌနှင့်ဇနီးတိုမှ ဆီမီး(၁၀၀၀)ဖြင့်ထွန်းညှိပူဇော်

၂။ လာရောက်လည်ပတ်ချိန်တွင် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် သာယာလှပမှုများစွာကိုခံစားမိဟု ဘူရားတီးရားပြည်နယ်အစိုးရ ဥက္ကဋ္ဌမှ နစက ဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် ပြောဆို

၃။ တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့)တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေး ချမ်းသာစွာဖူးမြော်ကြည်ညို၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်များ ကျင်းပပြုလုပ်

၄။ မြန်မာနိုင်ငံသားများအတွက် ရက်ပေါင်း(၁၈၀) နေထိုင်နိုင်သော”ဗီဇာ”ကို နိုဝင်ဘာ ၁၈ ရက်မှစတင်၍ ထုတ်ပေးသွားမည်ဟု တရုတ်ပြော

၅။ AI နည်းပညာအကူအညီနှင့် ကိုယ်ပိုင်ဆိုက်ဘာပလက်ဖောင်းများ ဖန်တီးရေးသည် အရေးတကြီး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များဖြစ်လာသည်ဟု ပညာရေးဝန်ကြီးပြော

၆။ ဆားတောင်၌ မသင်ကာဖွယ်ရာကားတစ်စီးကို တားဆီးရာက အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး လက်နက်၊ ခဲယမ်းအချို သိမ်းဆည်းရရှိ

၇။ တာချီလိတ်မြိုတွင် ဖုန်းဆိုင်မှဝန်ထမ်းကို သေနတ်ဖြင့်ပစ်သတ်ကာ ကျပ်သိန်း (၁၁၀၀)ကျော်တန်ဖိုးရှိ Iphone များကို ဓားပြတိုက် လုယက်သူများအား အသေပစ်ခတ်ဖမ်းမိ

၈။ နိုဝင်ဘာလ ၁၅ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၂၉၈,၃၁၃ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၀၁၀ ကျပ်၊ Octane 95 – ၃၂၀၀ ကျပ်၊ Diesel – ၂၆၆၅ ကျပ်၊ Premium Diesel – ၃၃၁၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ယူကရိန်းအတွက် အစီအစဉ်သစ်တစ်ခုကို နိုင်ငံသို ချပြတော့မည်ဟု သမ္မတ ဇလန်းစကီးကကြေညာ

၂။ ကမ္ဘာ့အပါးလွှာဆုံး လက်ပတ်နာရီကို ရုရှားနာရီထုတ်လုပ်သူတစ်ဦး တီထွင်ဖန်တီး

၃။ အီဂျစ်ဗိုလ်ချုပ်ကြီးအဖြစ်ကနေ အီဂျစ်နိုင်ငံသမ္မတအဖြစ် သုံးကြိမ်ဆက်တိုက် တာဝန်ယူခွင့်ရရှိခဲ့သူ အယ်စီစီ

၄။ အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်က ရွေးကောက်ပွဲတွင် အနိုင်ရစေရန်ကူညီခဲ့သော ကနေဒီ နှင့် အီလွန်မတ်ကို အစိုးရအဖွဲစာရင်းတွင်ပါဝင်ရန် အမည်စာရင်းတင်သွင်း

၅။ မြန်မာနှင့်ထိစပ်နေသည့် အရှေ့မြောက်ဖျားပြည်နယ်များတွင် လက်နက်ကိုင်တပ်ဖွဲများ အထူးအာဏာအပ်နှင်း ခြင်း အက်ဥပဒေကို နယူးဒေလီ ကျင့်သုံး

၆။ လွှတ်တော်ရွေးကောက်ပွဲတွင် သီရိလင်္ကာသမ္မတအသစ် ဦးဆောင်သောညွန့်ပေါင်းအဖွဲအနိုင်ရ

အားကစားသတင်းများ

၁။ ၂၀၂၄ အာဆီယံ အမျိုးသမီး ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲ၌ ရလဒ်ကောင်းရရှိရန် အကောင်းဆုံးကြိုးစားသွားမည်ဟု နည်းပြချုပ်ဦးဌေးမြင့်ဆို

၂။ မန်ချက်စတာစီးတီးကြယ်ပွင့် ဟာလန်းဟာ စံချိန်တင်ဂိုးသွင်းအများဆုံးကစားသမားအဖြစ်ရပ်တည်နေ

၃။ နယူးဇီးလန်ခရစ်ကတ် အသင်းရဲ့အသင်းခေါင်းဆောင်ဟောင်း တင် ဆောက်တီး ဟာ အခုနှစ်အင်္ဂလန် တက်စ် စီးရီးအပြီးမှာ ကစားသမားဘဝကနေအနားယူတော့မှာ ဖြစ်

၄။ ဖော်မြူလာ ဝမ်း ဟာ အာကစားရဲ့ ဂုဏ်သိက္ခာအရှိဆုံးပြိုင်ပွဲတွေထဲက တစ်ခုအဖြစ်သတ်မှတ်ခံထားရတဲ့ မိုနာကို ဂရင်းပရီ နဲ့ ၂၀၃၁ ခုနှစ်ထိ စာချုပ်ချုပ်ဆိုခဲ့

၅။ အနိုင်ရရှိသူဟာ ဆုကြေးပေါင် ၅ သိန်းရရှိမယ့် ဒေးဗစ် ပါဝါဂျော်ကီဖလားလိုအမည်ရှိတဲ့ တန်းကျော်မြင်းစီးပြိုင်ပွဲ အသစ်တစ်ရပ်ကို လာမယ့် ဧပြီလမှာကျင်းပမှာဖြစ်

အနုပညာသတင်းများ

၁။ ဆရာတော် အရှင် သိရိစန္ဒသူရိယမထေရ် သိက္ခာထပ်အလှူတော်မင်္ဂလာနဲ့ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာပွဲကို အနုပညာရှင်တွေ တက်ရောက်ခဲ့

၂။ ကိုယ့်ကလေးတွေကို လက်နှစ်ဖက်နဲ့ပွေ့ အကုန်ချီချင်ပေမယ့် လက်နှစ်ဖက်ထဲပါတာမို အားလုံးကို မချီနိုင်လို ဝမ်းနည်း စိတ်မကောင်းဖြစ်မိတယ် ဆိုတဲ့ ခိုင်နှင်းဝေ

၃။ တွဲရိုက်တဲ့ မင်းသားတွေနဲ့ ကုတင်ပေါ်တန်းပိုတဲ့သူတွေကို သူများလိုပါးမရိုက်ဘဲ လက်သီးနဲ့ထိုးမယ်ဆိုတဲ့ ခင်စန်းဝင်း

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၅-၁၁-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post နေပြည်တော်ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ ဆီမီး(၁၀၀၀)ဖြင့် ထွန်းညှိပူဇော်