မန္တလေးကျောက်မျက်ရောင်းဝယ်ရေးစခန်း ကားကွင်းဘေးရှိ တိုက်တန်းတွင် မီးလောင်မှု ဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ (၄၁) လမ်းနှင့် (၈၇) လမ်းထောင့် ကျောက်ဝိုင်းကားကွင်းဘေးရှိ တိုက်တန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ Level 1 အဆင့်ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့နှင့် မဏီစလ လူမှုကူညီရေးအသင်းတို့ထံမှ သိရသည်။

ယနေ့ ဇွန် (၁၉)ရက်၊ နံနက် (၁၀)နာရီ (၂၃)မိနစ်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့မှ Level 1 ယာဉ်အုပ်စုနှင့်အတူ မဏီစလလူမှုကူညီရေးအသင်းနှင့် ဒေသခံများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဝိုင်းဝန်းငြှိမ်းသတ်ကြရာ နံနက် (၁၀)နာရီ (၃၂)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် (၁၀)နာရီ (၃၉)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကာ မီးလောင်မှု ဖြစ်စဉ်အတွင်း ဆိုင်ကယ်နှစ်စီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ မီးလောင်မှုအကြောင်းရင်း ထိခိုက်ပျက်စီးဆုံးရှုံးမှု အခြေနေများကို မီးသတ်တပ်ဖွဲ့မှ တွက်ချက် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာ-ထိုင်းနိုင်ငံ နယ်စပ်ဒေသလုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး
Next post (၂၀-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်