မြန်မာ-ထိုင်းနိုင်ငံ နယ်စပ်ဒေသလုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဇွန်လ (၁၈)ရက်နေ့က တာချီလိတ်မြို့ 1G1-11 ဟိုတယ် အစည်းခန်းမ၌ ကျင်းပခဲ့ကြသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၉၉)ကြိမ်မြောက် မြန်မာ-ထိုင်း နယ်စပ်ရေးရာကော်မတီအစည်းအဝေးကို ထိုင်းနိုင်ငံဘက်မှ ကျောက်တာ့ခ်လှုပ်ရှားတပ်ဖွဲ့၊ ဗျူဟာမှူး ဗိုလ်မှူးကြီး နထီးထင်း(မ်)စိန်ဦးစီးသည့် အဖွဲ့ဝင်များနှင့် မြန်မာဘက်မှ အမှတ် (၁၃၃)ခြေလျင်တပ်ရင်းမှ ဒုဗိုလ်မှူးကြီး အောင်လင်းဦး ဦးစီးသည့် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ဝင်များ ဆွေးနွေးခဲ့ကြသည်။

ထိုအစည်းအဝေးတွင် နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်စီးဆင်းမှု ချောမွေ့စေရေးဆိုင်ရာ ကိစ္စရပ်များ၊ တရားဥပဒေဆိုင်ရာကိစ္စရပ်များ၊ မြန်မာဘက်မှ ဖမ်းဆီးရမိသည့် အွန်လိုင်းလောင်းကစားလုပ်ငန်းပြုလုပ်သူ ထိုင်းနိုင်ငံသား ၁၅၄ ဦးအား အရေးယူဆောင်ရွက်မှုများ၊ နှစ်နိုင်ငံမှ အလိုရှိနေသည့် နယ်စပ်ဖြတ်ကျော် တရားခံပြေးများအား ကူညီစုံစမ်း ဖမ်းဆီး/ လွှဲပြောင်းပေးအပ်မှုများ၊ တောမီးရှို့ခြင်းနှင့် မီးခိုးမြူငွေ့ဆိုင်ရာ ကိစ္စရပ်များနှင့်ပက်သက်၍ အရေးယူဆောင်ရွက်မှုများနှင့် အသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်မှုများအား နှစ်ဖက်နိုင်ငံမှ သက်ဆိုင်ရာဌာနများနှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် ကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၉-၆-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post မန္တလေးကျောက်မျက်ရောင်းဝယ်ရေးစခန်း ကားကွင်းဘေးရှိ တိုက်တန်းတွင် မီးလောင်မှု ဖြစ်ပွား