(၂၀-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂၀-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ရှမ်းမြောက်စစ်ရေး ပြန်တင်းမာလာချိန်နှင့် ရခိုင်ပြည်နယ်အတွင်းက ဂတ်စ်ပိုက်လိုင်းအနီး စစ်ပွဲများ နီးကပ်လာချိန် တရုတ်အထူးကိုယ်စားလှယ် နေပြည်တော်သို့ လာရောက်

၂။ မြန်မာ့ပြောင်းကို တရုတ်၊ ထိုင်းတို့အပြင် အိန္ဒိယသို့လည်း အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် စတင် တင်ပို့နေ

၃။ မြစ်ကြီးနားမြို့ပေါ်ရှိ ယာယီတိမ်းရှောင်စခန်း (၃)ခုမှ ပြည်သူများ လုံခြုံစွာနေထိုင်စားသောက်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှုစစ်ဆေး

၄။ ဇွန်လအတွင်း ပထမဦးဆုံးအကြိမ် ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ (၅) သန်းရောင်းချပေးခဲ့

၅။ မြန်မာနယ်စပ်အနီး စိန့်မာတင်ကျွန်းလုံခြုံရေးနှင့်ပတ်သက်သည့် ကောလာဟလများကို မယုံကြည်ကြရန် ဘင်္ဂလားဒေ့ရှ် အစိုးရ သတိပေး

၆။ ဘုရင့်မိသားစု ရှယ်ယာပိုင် MCL ဘိလပ်မြေစက်ရုံကို အယ်စေးဝါးတို့ ဖျက်ဆီးခဲ့ခြင်းအတွက် ဘတ်သန်းရာချီ လျော်ကြေးပေးရန် KNU ထံ ထိုင်းက စာပို့သတိပေးထား

၇။ ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရန် အမေရိကန်သံရုံးက မတောင်းဆိုသော်လည်း ယူကေသံရုံးအပါအဝင် သံရုံးတချို့က ပန်းသပိတ်ပုံစံပြုလုပ်သလို ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရန် တောင်းဆို

၈။ ဇွန်လ ၁၉ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၅၈၄,၈၆၅ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၅၁၅ ကျပ်၊ Octane 95 – ၂၆၄၅ ကျပ်၊ Diesel – ၂၃၀၅ ကျပ်၊ Premium Diesel – ၂၇၀၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ နှစ်ပေါင်း ၂၄ နှစ်ကြာမှ မြောက်ကိုရီယားသို့ တစ်ခေါက်ပြန်လည်ရောက်ရှိလာသော သမ္မတပူတင်

၂။ ဆရာဝန်များ လုပ်ငန်းခွင်ပြန်ဝင်ရန် တောင်ကိုရီးယားအစိုးရအမိန့်ထုတ်

၃။ F-16 တွေမရောက်ခင် ယူကရိန်းနယ်မြေတွေ ပိုမိုရရှိအောင် ရုရှားတပ်တွေ အရှိန်မြှင့်တိုက်ခိုက်နေ

၄။ ထိုင်းနိုင်ငံဟာ လိင်တူလက်ထပ်ခြင်းကို တရားဝင်ခွင့်ပြုတဲ့ ပထမဆုံး အရှေ့တောင်အာရှနိုင်ငံဖြစ်လာနိုင်

၅။ BRICS အဖွဲ့ဝင်ဖြစ်ဖို့အတွက် လိုအပ်သည့် အဓိကစံသတ်မှတ်ချက်တစ်ခုကို ရုရှားဖော်ပြ

၆။ အစ္စလာမ်ဘာသာဝင်တို့၏ ဟာ့ဂျ်ဝတ်ပြုခရီးစဉ်အတွင်း အပူလွန်ကဲမှုကြောင့် ဝတ်ပြုဆုတောင်းလာသူ ၅၅၀ ကျော် မက္ကာမြို့၌ သေဆုံး

အားကစားသတင်းများ

၁။ မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်း အာဆီယံ ယူ-၁၆ ပြိုင်ပွဲဝင်ရန်အတွက် ယမန်နေ့ ည‌နေပိုင်းက ထိုင်းနိုင်ငံမှတဆင့် အင်ဒိုနီးရှား နိုင်ငံသို့ ထွက်ခွာ

၂။ ဩစတြေးလျနှင့်ပွဲက နှာခေါင်းရိုးကျိုးဒဏ်ရာကြောင့် ကွာတားဖိုင်နယ်ပွဲစဉ်တွေအထိ အနားယူရတော့မယ့် ပြင်သစ်အသင်းခေါင်ဆောင် အမ်ဘာပေ

၃။ ၁၉နှစ်သားလေး အာဒါဂူလာဟာ မနေ့ညက ဂိုးသွင်းယူခဲ့ပြီးနောက် ယူရိုပွဲဦးထွက်မှာ အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် ၂၀၀၄ခုနှစ်က စီရော်နယ်ဒိုရဲ့စံချိန်ကို ချိုးဖျက်သွားနိုင်ခဲ့

၄။ အုပ်စု ဒုတိယပွဲစဉ်မှာ ဟန်ဂေရီကို ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ အိမ်ရှင် ဂျာမဏီအသင်း

၅။ ပေါ့ဆမှုတွေကြောင့် အယ်လ်ဘေးနီးယားကိုသရေသာကစားနိုင်ခဲ့တဲ့ ခရိုအေးရှား

အနုပညာသတင်းများ

၁။ ‘ကိုအောင်ရဲလင်း ကို အရမ်းကြိုက်တယ်။ အရမ်းလည်း ချစ်တယ်။ သူက အရမ်းချောပြီး စတိုင် မိုက်တယ်။ အရင်လို နုပျိုနေတုန်းပဲ’ လို့ ပြောလာတဲ့ Boss Koy

၂။ ‘ရှယ်အော်လံ’ မှာ တက္ကစီမောင်းရင်း Rap သီချင်းတွေ ရွတ်ခဲ့တာက အမှတ်တရပါပဲ’ လို့ ပြောလာတဲ့ စိုးမြတ်သူဇာ

၃။ ဆရာမောင်သိန်းဆိုင်ရဲ့ ရေနံ့သာခင်ခင်ကြီးက မူရင်းလင်းပင်မင်းသားကြီးရဲ့ ကြင်ရာတော် ရေနံ့သာခင်ခင်ကြီးရဲ့ သမိုင်းကြောင်းကို လွှမ်းမိုးသွားလို စိတ်မကောင်းဖြစ်မိတယ်ဆိုတဲ့ Vlogger ကျော်စွာ

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မန္တလေးကျောက်မျက်ရောင်းဝယ်ရေးစခန်း ကားကွင်းဘေးရှိ တိုက်တန်းတွင် မီးလောင်မှု ဖြစ်ပွား
Next post PDF များ၏ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်မှုကြောင့် ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ပျံလွန်တော်မူခဲ့ရ