ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်များအား နေရပ်ဒေသအသီးသီးသို့ပြန်လည်ပိုဆောင်

မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ် ချမှတ်ခံရသူ မြန်မာနိုင်ငံသား အမျိုးသား (၉၈) ဦး၊ အမျိုးသမီး (၂၂)ဦး၊ စုစုပေါင်း (၁၂၀) ဦးအား ထိုင်းနိုင်ငံရနောင်းမြို့မှ တစ်ဆင့် မြန်မာနိုင်ငံ၊ ကော့သောင်း မြို့သို့ ယနေ့ မွန်းတည့် (၁၂)နာရီခန့် က တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရ သည်။

အဆိုပါ မြန်မာအလုပ်သမားများမှာ အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံအတွင်း ပိတ်မိနေသူများနှင့် အရေးယူခံနေခဲ့ရသူများ ဖြစ်ကာ ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနနှင့် NGO အဖွဲ့အစည်းများက စနစ်တကျ လက်ခံ‌ ဆောင်ရွက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌အောင်ချိုမှ လိုက်နာဆောင်ရွက်ရန်ကိစ္စရပ်များအား ပြောကြားပြီး အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား ကိုယ်ရေးမှတ်တမ်းများ ကောက်ယူခြင်းနှင့် ကိုဗစ်ကာကွယ်‌‌ဆေးများထိုးနှံခြင်းများ ဆောင်ရွက်ပြီး မိမိတို့နေရပ်ဒေသအသီးသီးသို့ စနစ်တကျ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကမ္ဘာထွက်လာပုံကို ရိုက်ကူးခဲသည့် အာကာသယာဉ်မှူး ဝီလျှံအန်ဒါ လေယာဉ်ငယ်ပျက်ကျရာတွင် ကွယ်လွန်
Next post (၁၁-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်