ငမိုးရိပ်ချောင်းဘေး ရေဝင်ရောက်နိုင်သော အနိမ့်ပိုင်း ရပ်ကွက်များ အောက်တိုဘာ (၁၇) ရက်မှ (၂၁) ရက်အထိ သတိထားနေထိုင်ရန်လိုအပ်

ရန်ကုန်မြစ်ရေသည် အောက်တိုဘာ (၁၈)ရက်မှ အောက်တိုဘာ (၂၀)ရက်အတွင်း မြင့်တက်လာနိုင်သောကြောင့် ငမိုးရိပ်ချောင်းဘေး ရေဝင်ရောက်နိုင်သော အနိမ့်ပိုင်းရပ်ကွက်များ သတိထားနေထိုင်ကြရန် ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးပြောဆိုထားသည်။

လက်ရှိ ပဲခူးမြစ်ရေ၊ လှိုင်မြစ်ရေများမှာ ပုံမှန်ရေအမှတ်တွင် ရှိနေပြီး ငမိုးရိပ်တမံတွင်လည်း ရေပြန်ကျနေပြီဖြစ်သည့်အတွက် ငမိုးရိပ်ချောင်းဘေး အနိမ့်ပိုင်းရပ်ကွက်များမှအပ ကျန်မြို့နယ်များမှာ စိုးရိမ်စရာ မရှိကြောင်း ၎င်းက ဆိုသည်။

“မိုးရွာမယ်ဆိုရင်တောင် မိုးများနိုင်မှာ မဟုတ်ပေမယ့် TIDE -FORECAST က တင်ထားတဲ့ ရန်ကုန်မြစ်ရေ အမြင့်က အောက်တိုဘာ (၁၈) ရက်ကနေ (၂၀) ရက်အထိ (၃) ရက်အတွင်း နံနက်အစောပိုင်း အိပ်ကောင်းချိန်တွေမှာ အမြင့်ဆုံး (၂၃.၀၇) ပေအထိ ရှိနိုင်တယ်လို့ ထုတ်ပြန်ထားတာလဲရှိနေတာကြောင့် ငမိုးရိပ်ချောင်းဘေး တစ်ဖက်တစ်ချက်က ရေဝင်တတ်တဲ့ အနိမ့်ပိုင်းရပ်ကွက်တွေကတော့ အောက်တိုဘာလ (၁၇) ရက်မှ (၂၁) ရက်အထိ သတိထားကြရပါဦးမယ်” ဟု ဦးဝင်းနိုင်က ဆိုသည်။

ထို့ပြင် ယခင်ရက်များကလည်း ရန်ကုန်မြစ်ထဲ ထူးကဲဒီရေမြင့်တက်နိုင်မည်ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှ အသိပေးကြေညာထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အခြေခံပညာရေးအတွင်း ဥပဒေပိုင်းဆိုင်ရာ အခြေခံ အသိအမြင်များ သင်ကြားပို့ချရန် နစကဥက္ကဋ္ဌ တိုက်တွန်း
Next post (၅-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်