ဘီးလင်းမြို့နယ်တွင် နာရေးအိမ်အား အကြမ်းဖက် PDF အဖွဲ့က ဝင်ရောက် ပစ်ခတ်

၂၀၂၄ ခုနှစ်၊ ဇွန်လ ၉ ရက် နေ့လည် ၂ နာရီခွဲတွင် ဘီးလင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု၊ ပေါက်ကွဲရွာရှိ ဉီးမင်းမင်းစိုး၏နေအိမ်၌ နာရေးပြုလုပ်ရန်ပြင်ဆင်နေစဉ် အကြမ်းဖက် PDF အဖွဲ့မှ ၅ ဉီးသည် ကားဖြင့်ရောက်ရှိလာပြီး နာရေးအိမ်အတွင်း လက်နက်ငယ်ဖြင့် ဝင်ရောက်ပစ်ခတ်ရာ ဉီးဇော်မျိုး(ခ)ဇော်မျိုးဝင်းနှင့် ကိုရန်နိုင်လင်းတို့ ၂ ဉီးသည် အခင်းနေရာတွင်ပင် ‌‌ေ-သဆုံးသွားခဲ့ပြီး  မဇင်မာနှင့် ၁၃ နှစ်အရွယ် မောင်ရဲထွဋ်နောင်တွင် ခြေသလုံး ကျည်ဖောက်ဝင်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဘီးလင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။

အခင်းဖြစ်နေရာသို လုံခြုံရေးအဖွဲ့ဝင်များရောက်ရှိစစ်ဆေးပြီး‌နောက် အကြဖက် PDF အဖွဲ့များဆုတ်ခွာ ထွက်ပြေးသွားသည့် ဘက်သို့ လုံခြုံရေးပူးပေါင်းအဖွဲ့မှ လိုက်လံနယ်မြေရှင်းလင်းရေးဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၀-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post သရုပ်ဆောင် မြတ်သူသူရဲ့မိခင်ကွယ်လွန်