(၁၀-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၀-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ နစက ဥက္ကဋ္ဌ နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများထံ နိုင်ငံတော်အဆင့် အဆောင်အယောင် မော်တော်ယာဉ်များ ဆက်ကပ်အပ်နှံခြင်း မင်္ဂလာအခမ်းအနား တက်ရောက်

၂။ ဒီရေတောတည်ရှိသည့် နိုင်ငံပေါင်း ၁၂၃ နိုင်ငံအနက် မြန်မာနိုင်ငံသည် တတိယဒီရေတော အများဆုံးနိုင်ငံဖြစ်ဟုဆို

၃။ ပဲခူးမြစ်ကူးသန်လျင်တံတားအမှတ်(၃) ဖြတ်သန်းခများကို လာမည့် (ဇွန်လ ၁၆ ရက်)မှစ၍ ယာဉ်အမျိုးအစား အပေါ် မူတည်ကာ ကောက်ခံသွားမည်

၄။ (၅၂) ကြိမ်မြောက် အောင်ဘာလေထီ သိန်းဆုထီဖွင့်ပွဲမှ ထီဆု (၁၄,၀၀၀) နီးပါး ထုတ်ယူရန်ကျန်ရှိနေ

၅။ ရန်ကုန်ရွှေအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့်အတွင်းရေးမှူး ဦးဝင်းမြင့်တိုအားခေါ်ယူထိန်းသိမ်းခြင်းမဟုတ်မှန်

၆။ ထိုင်းဆေးရုံတွင် ဆေးကုသမှုခံယူနေသော မြန်မာနိုင်ငံသားအား ပစ်သတ်ခဲ့သည့် ထိုင်းရဲတပ်ကြပ် အဖမ်းခံ

၇။ မင်းဘူး-ပဒါန်းသွားလမ်းတွင် ခရီးသည်ကားတစ်စီးကို AA အဖွဲ ပစ်ခတ်မှုကြောင့် (၂)နှစ်အရွယ်ကလေးငယ် အပါအဝင် ၅ ဦး သေဆုံး

၈။ ဇွန်လ ၉ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၇၉၃,၁၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၄၉၅ ကျပ်၊ Octane 95 – ၂၆၁၅ ကျပ်၊ Diesel – ၂၃၀၅ ကျပ်၊ Premium Diesel – ၂၃၅၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ အစ္စရေးတပ်ဖွဲများ၏ ဓားစာခံကယ်တင်သည့် စစ်ဆင်ရေးအတွင်း ဓားစာခံးလေးဦးကို ကယ်တင်နိုင်ခဲ့ကာ လူပေါင်း ရာချီ သေဆုံး

၂။ ဥရောပသမဂ္ဂက ယူကရိန်းပဋိပက္ခကို (၂၄)နာရီအတွင်း အဆုံးသတ်နိုင်တယ်လို ဟန်ဂေရီဝန်ကြီးချုပ်ပြော

၃။ ဂါဇာစစ်ပွဲကြောင့် အစ္စရေးကို ကိုလံဘီယာက ကျောက်မီးသွေးတင်ပိုရောင်းချမှု ရပ်ဆိုင်း

၄။ မက္ကဆီကို၌ ငါးများအစုလိုက်အပြုံလိုက်‌သေဆုံးမှု ဖြစ်ပွား

၅။ မြောက်ကိုရီးယားက တောင်ကိုရီးယားဘက်သို အမှိက်ထုပ် မိုးပျံပူဖောင်းတွေ ပိုလွှတ်မှု ပြန်စ

၆။ တော်ဝင် အသရေဖျက်မှု စွဲချက်တွေအတွက် ရင်ဆိုင်ရန် အသင့်ဖြစ်ပြီဟု ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြော

အားကစားသတင်းများ

၁။ ONE တွင် ပွဲဦးထွက် နိုင်ပွဲရထားသည့် ရိုးရာဖိုက်တာ မိုးထက်အောင် ဒုတိယအကြိမ် ထပ်မံ ထိုးသ-တ်မည်

၂။ မြောက်ကိုရီးယားနှင့် မြန်မာပွဲစဉ်အား ပရိသတ်ကြည့်ခွင့်မပြုဘဲ တံခါးပိတ်ပွဲစဥ်အဖြစ်သာ ယှဉ်ပြိုင်ကစားမည်

၃။ အင်္ဂလန်လူစာရင်းမှာ ဂျက်ဂရီးလစ်ချ်မပါဝင်ခဲ့တာနဲ့ပတ်သက်ပြီး ဂျာမနီအသင်း အံ့အားသင့်နေ

၄။ မန်စီးတီးနဲ့ ၂၀၂၆ အထိ စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့ စတီဖင်အော့တီဂါ

၅။ ဘရာဇီးနဲ့အတူ ကိုပါအမေရိကဖလား ရယူသွားချင်တယ်လို့ ပြောလာတဲ့ ဗင်နီစီးယက်စ်

အနုပညာသတင်းများ

၁။ ကိုယ်ကပိုပြီး‌ မျှော်မှန်းထားတာဖြစ်တဲ့အတွက် မဖြစ်လာတော့လည်း အနည်းနဲ့အများခံစားရတယ် သိမ်ငယ်စိတ်ဖြစ်ခဲ့ရတယ်ဆိုတဲ့ ဟန်လေး

၂။ Radio ကနေလာရင် ဒါဘယ်သူ့သီချင်းဆိုတာ ကိုယ်ကချက်ချင်းပြောနိုင်ပေမယ့် The Mask Singer မှာတော့လွဲသလားမမေးနဲ့ အလွဲဆုံးပဲဆိုတဲ့ စန္ဒီမြင့်လွင်

၃။ ‘(၉) နှစ်ကြာ တွဲခဲ့တဲ့ ချစ်သူနဲ့ လမ်းခွဲလိုက်ပြီး (၉) နှစ် တာ အမှတ်တရတွေကို မေ့ပစ်ရတာ အဆိုးဆုံးပါ’ လို့ ပြောလာတဲ့ စည်သူရဲထွဋ်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများထံ နိုင်ငံတော်အဆင့်အဆောင်အယောင်မော်တော်ယာဉ်များ ဆက်ကပ်အပ်နှံခြင်းမင်္ဂလာအခမ်းအနားကျင်းပ
Next post ဘီးလင်းမြို့နယ်တွင် နာရေးအိမ်အား အကြမ်းဖက် PDF အဖွဲ့က ဝင်ရောက် ပစ်ခတ်