နာမည်ကျော် ကစားသမားများပါဝင်သည့် ဂျပန်လက်ရွေးစင်အသင်း ယနေ့ ရန်ကုန်သို့ ရောက်ရှိ

ဇွန်လ ၄ ရက်

FIFA World Cup 2026TM Preliminary Competition Asian Zone Round 2 – Group B – Matchday 5 ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်မည့် ဂျပန်လက်ရွေးစင်အသင်းသည် ယနေ့ (ဇွန်လ ၄ရက်) နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိလာခဲ့ပါတယ်။

ယင်း ပွဲစဉ်ကိုတော့ မနက်ဖြန် (ဇွန်လ ၆ ရက်) မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၄၀ မိနစ် မှာ သုဝဏ္ဏ အားကစားကွင်းကြီးမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ပထမ အကြော့ ပွဲစဉ်မှာတော့ ဂျပန်လက်ရွေးစင်အသင်းရဲ့ အိမ်ကွင်းမှာ မြန်မာလက်ရွေးစင်အသင်းက ၅ ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ် ရှုံးနိမ့်ထားတာလည်း ဖြစ်ပါတယ်။

မြန်မာ- ဂျပန် လက်ရွေးစင်အသင်းရဲ့ ပွဲစဉ် လက်မှတ်နှုန်းထား တွေအနေနဲ့ကတော့ ရိုးရိုးတန်း – ၂၀၀၀ ကျပ်ဖြစ်ပြီး အထူးတန်း- ၅၀၀၀ ကျပ်ဖြစ်ကာ လက်မှတ်များကို ဇွန်လ ၄ ရက်၊ မနက် (၁၀)နာရီမှ စတင်၍ သုဝဏ္ဏကွင်း ဂိတ်အမှတ်(၂)တွင် ရောင်းချပေးနေပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၄-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၄-၆-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ