(၄-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၄-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ စာသင်ကျောင်းများ ယနေ့စတင် ဖွင့်လှစ်

၂။ ဂေဟာက ကလေးငယ်လေးတွေကို ကျောင်းစတင်ပို့တဲ့နေ့မို့ ငိုချင်သလို ပျော်သလိုခံစားချက်မျိုး ဖြစ်မိတယ်ဆိုတဲ့ ခိုင်နှင်းဝေ

၃။ ရွှေဈေးကစားသူများကို ဖမ်းဆီး၍ နောက်ကွယ်မှစေခိုင်းသူ ရွှေဆိုင်ပိုင်ရှင်များကို ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် ဈေးနှုန်းပြန်ဖွင့်သည့် ယနေ့တွင် ရွှေဈေး ကျပ်သုံးသိန်းခွဲခန့် ချက်ချင်းကျဆင်း

၄။ မစောတံတား ရာနှုန်းပြည့်ပြီးစီးပြီဖြစ် ၊ တံတားချဉ်းကပ်လမ်း ပြီးပါက ကုန်တင်ကားကြီးများ စတင်ဖြတ်သန်းခွင့်ပြုမည် ဟုဆို

၅။ လာမည့် ဇွန်လ ၅ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ မုတ်သုန်လေဆွဲတင်ခြင်းစနစ် ၂ ခုကြောင့် မြန်မာပြည်အနှံအပြား မိုးရွာသွန်းမယ်

၆။ ရုပ်ရှင်မြို့တော်စီမံကိန်းအတွက် လုပ်ငန်းရှင်များကို ဖိတ်ခေါ်

၇။ စဉ့်ကူးမြို့နယ်တွင် ပြည်သူတစ်ဦးကို PDF က လာပစ်သော်လည်း အသက်ဘေးမှ လွတ်မြောက်

၈။ ဇွန်လ ၃ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၁၃၃,၁၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၅၆၅ ကျပ်၊ Octane 95 – ၂၆၆၅ ကျပ်၊ Diesel – ၂၃၃၀ ကျပ်၊ Premium Diesel – ၂၃၈၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ အစ္စရေးက ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်သမ္မတရဲ့အဆိုပြုချက်တွေကို လက်ခံ

၂။ ဘာလင်တွင် ယူကရိန်းအား အထောက်အပံ့ပေးခြင်းကို ဆန့်ကျင်သည့် ချီတက်ဆန္ဒပြမှုများ ဖြစ်ပွား

၃။ အမေရိကန်၊ အက်ကရွန်မြို့တွင် မွေးနေ့ပါတီပွဲတစ်ခုအတွင်း လူအစုလိုက်အပြုံလိုက် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၇ ဦး ကျည်ထိမှန်ပြီး တစ်ဦးသေဆုံး

၄။ ဂျပန်နိုင်ငံတွင် ပြင်းအား ၅.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်

၅။ ဟားမာ့စ်အဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်ကို လက်ခံမည်ဆိုပါက ဂါဇာဒေသသို့ ငြိမ်းချမ်းရေးတပ်ဖွဲ့များနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ စေလွှတ်ရန်အသင့်ရှိကြောင်း အင်ဒိုနီးရှား၏ ရွေးကောက်ခံသမ္မတ ပြောကြား

၆။ အိန္ဒိယတွင် ရွေးကောက်ပွဲနောက်ဆုံးနေ့၌ ပြည်နယ်တစ်ခုတည်းမှာပင် အပူလျှပ်မှုကြောင့် မဲရုံဝန်ထမ်း ၃၃ ဦး သေဆုံး

အားကစားသတင်းများ

၁။ မြန်မာလက်ရွေးစင် ယူ-၁၆ အသင်းအနေဖြင့် Junior Lions အမည်ဖြင့် ယူ-၂၀ပြိုင်ပွဲတွင် ဝင်ရောက်ကစားနေ

၂။ ရိုးရာသွေးအေးကျား သွေးသစ်ဝင်းလှိင်မွေထိုင်းဖိုက်တာ ခွန်ဆွမ်ဖြင့် ထိုးသတ်မည်

၃။ နာမည်ကျော် ကစားသမားများပါဝင်သည့် ဂျပန်လက်ရွေးစင်အသင်း မနက်ဖြန် ရန်ကုန်သိုရောက်မည်

၄။ မော်ရင်ဟိုရဲ့ ဖီနာဘာချီဆီ ပြောင်းရွှေ့မယ်ဆိုတဲ့ကောလာဟလတွေကို လုံးဝပယ်ချလိုက်တဲ့ လီဝန်ဒေါစကီး

၅။ ဂျေဒန်ဆန်ချိုနှင့် မန်ယူအသင်း အနာဂတ်ကိစ္စ နည်းပြအပြောင်းအလဲအပေါ် မူတည်

အနုပညာသတင်းများ

– ၁။ “ချစ်သောနှင်းဆီ” ဇာတ်လမ်းတွဲမှာ မြကြေးမုံကာရိုက်တာ ပီပြင်ဖို အလှအပကိုဦးစားမပေးဘဲ သရုပ်ဆောင်ခဲ့တယ်ဆိုတဲ့ ခင်ဝင့်ဝါ

၂။ စိတ်ထဲရှိတဲ့ သံစဉ် တီးချင်လို စောင်းတီးတာကို သင်နေတဲ့ အောင်ထက်

၃။ ၁၁ ကြိမ်မြောက် Miss Universe Myanmar 2024 ရဲ့ Top 6 နေရာကို ပရိသတ်မဲပေးစနစ်နဲ့ ရွေးချယ်မည်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မူနီးလေး အသက် ၁၆ နှစ်ပြည့်​ပြီ
Next post နာမည်ကျော် ကစားသမားများပါဝင်သည့် ဂျပန်လက်ရွေးစင်အသင်း ယနေ့ ရန်ကုန်သို့ ရောက်ရှိ