မူလသရုပ်ဆောင်တွေနဲ့ ရိုက်ကူးဖို့ပြင်နေတဲ့ စတုတ္ထမြောက် The Mummy ရုပ်ရှင်သစ်

၁၉၉၉ ခုနှစ်ကနေစတင်ထွက်ရှိခဲ့တဲ့ Universal Studios ရဲ့ The Mummy ရုပ်ရှင်ဟာ ၁၉၃၂ ရုပ်ရှင်ရဲ့ remake ရုပ်ရှင် ဖြစ်ပြီး သရုပ်ဆောင် Brendan Fraser နဲ့ Rachel Weisz တို့က အဓိကပါဝင်သရုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ၁၉၉၉ ရုပ်ရှင်ရဲ့ အောင်မြင်မှုအပြီးမှာတော့ ၂၀၀၁ မှာ The Mummy Returns နဲ့ ၂၀၀၈ မှာ The Mummy: Tomb of the Dragon Emperor ဆိုပြီး အသီးသီးထွက်ရှိခဲ့ကြပါတယ်။

ဟောလိဝုဒ်ဟာ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ ရုပ်ရှင်တွေကို အချိန်ကာလကြာမြင့်ပြီးမှ နောက်ဆက်တွဲရုပ်ရှင် ထုတ်လေ့ရှိပြီး ယခုအခါမှာတော့ Universal Studios ဟာ နောက်ထပ် The Mummy ရုပ်ရှင်သစ်တစ်ကားကို ထုတ်လုပ်ဖို့ ပြင်ဆင်နေပုံပါပဲ။

ဟောလိဝုဒ်ရုပ်ရှင်အတွင်းသတင်းတွေကို ဖောက်ချပြသပေးနေတဲ့ Daniel RPK ခေါ် Daniel Reitchman ဆိုသူရဲ့ သတင်း အရ Universal Studios ဟာ စတုတ္ထမြောက် The Mummy ရုပ်ရှင်သစ်အတွက် ရိုက်ကူးဖို့ပြင်ဆင်နေပြီး ပထမ The Mummy ရုပ်ရှင်နှစ်ကားက အဓိကသရုပ်ဆောင်တွေဖြစ်တဲ့ Brendan Fraser နဲ့ Rachel Weisz တို့နဲ့ ပြန်လည်ရိုက်ကူး သွားဖို့စီစဥ်နေကြောင်းသိရပါတယ်။

သို့ပေမယ့် Brendan Fraser နဲ့ Rachel Weisz အပါအဝင် Universal Studios ဘက်ကတော့ တရားဝင်အတည်ပြု ကြေညာပေးခြင်းမရှိသေးပါဘူး။ The Mummy ရုပ်ရှင်တွေဟာ ခေတ်အခါအလျောက် အောင်မြင်မှုရရှိခဲ့တာကြောင့် စတုတ္ထမြောက် The Mummy ရုပ်ရှင်ဟာပရိသတ်တွေအတွက် စောင့်မျှော်ကြမယ့်ရုပ်ရှင်တစ်ကားလည်းဖြစ်လာနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြည်သူက အားကိုးရသည့် ခေါင်းဆောင်များ မွေးထုတ်ပေး ရမည်
Next post ကမ္ဘာပတ်ပြီး ပရိုမိုးရှင်းဆင်းမဲ့ Pushpa 2