ရက်ပ်ပါအဆိုတော် Take off ကို ဂုဏ်ပြုသည့်အနေဖြင့် ပြုလုပ်ခဲ့သည့် ဧရာမတက်တူးကြီး ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့

တက်တူးပညာရှင်အဖွဲ့တစ်ဖွဲ့က အမေရိကန်ရက်ပ်ပါအဆိုတော် Takeoff ရဲ့ပုံတူတက်တူးကြီးကို ဖန်တီးခဲ့တဲ့အတွက် ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးခဲ့ပါတယ်။ Atlanta Ink၊ Iron Palm Tattoos နဲ့ Pese Noir တက်တူးဆိုင်က ပညာရှင်တွေက ပူးပေါင်းပြီး ရက်ပ်ပါအဆိုတော်အတွက် ဂုဏ်ပြုတဲ့အနေနဲ့ ကမ္ဘာ့အကြီးဆုံးတက်တူးလက်ရာကို ဖန်တီးခဲ့တယ်လို့ ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းက ဆိုပါတယ်။

ဒီတက်တူးလက်ရာက ၇၉ စတုရန်းပေနဲ့ ၆ စတုန်းရန်းလက်မအကျယ်ရှိပါတယ်။ တက်တူးပညာရှင်တွေက လူလုပ်ဆီလီကွန်အရေခွံကြီးပေါ်မှာ ဒီရက်ပ်ပါအဆိုတော်ပုံတူတက်တူးကြီးဖန်တီးခဲ့ကြတာပါ။

ရက်ပ်ပါအဆိုတော် Takeoff ရဲ့နာမည်အရင်းက Krisnick Khari Ball ပါ။ Migos ဟစ်ဟော့အဖွဲ့ရဲ့အဖွဲ့ဝင်ဖြစ်ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာမှာ အသတ်ခံရပြီး သေဆုံးခဲ့ရတာပါ။

Ref: https://www.ndtv.com/offbeat/giant-tattoo-made-as-tribute-to-rapper-takeoff-sets-guinness-world-record-4242041

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အနောက်အုပ်စုနိုင်ငံတွေက ဒေါ်လာကို လက်နက်သဖွယ် အသုံးပြုနေကြောင်း ပြောဆိုခဲ့တဲ့ ရုရှားသမ္မတပူတင်
Next post ချောရတနာ ပါဝင်ထားသည့် အိပ်မက်ထဲက အိပ်မက် season 2ကို chanel k တွင် ပြသမည်