ယခုနှစ် ခရီးသွားရာသီအတွင်း သင်္ကြန်ကာလတွင် ခရီးသွား လာမှုအများဆုံးဖြစ်ခဲ့၊ ယခင်ရာသီထက် ပိုမိုများပြား

ယခုနှစ် ခရီးသွားရာသီအတွင်း သင်္ကြန်ကာလတွင် ခရီးသွားလာမှုအများဆုံးဖြစ်ခဲ့ပြီး ယခင်ရာသီထက် ပိုမိုများပြားကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင် များအသင်းမှ သိရသည်။ ယခုနှစ်သည် ယခင်နှစ်ထက် ခရီးသွားလာမှု ပိုမိုးတိုးတက်ဖွယ်ရှိပြီး သင်္ကြန်ကာလတွင် ခရီးသွားလာမှု အများဆုံးဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

ယခုနှစ်သင်္ကြန်ကာလ၌ ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေသို့ ခရီးသွားများခဲ့ကာကြိုတင်မှာယူမှသာ ဟိုတယ်အခန်း များ ရရှိသည့်အခြေအနေ ရှိခဲ့ပြီး အခန်းမရသူများကလည်း ထပ်မံထွက်ပေါ်နေသည့် ကမ်းခြေအသစ်များသို့ သွားရောက်ခဲ့ ကြကာ ဘုရားဖူးခရီးစဉ်ထွက်ခွာမှု များပြားကြောင်း သိရသည်။

ခရီးသွားကဏ္ဍတွင် ယခင်ကိုဗစ်ကပ်ရောဂါမတိုင်မီ အခြေအနေသို့ ပြန်လည်ရောက်ရှိခြင်း မရှိသေးသော်လည်း ကိုဗစ်နောက်ပိုင်းကာလတွင် ခရီးသွားလာမှုတိုးလာသည့် အခြေအနေဖြစ်ကြောင်းလည်း ဦးနောင်းနောင်းဟန်က ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၀-၄-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post မြစ်ကြီးနားတွင် ရှော့တိုက်ဒုံးအချို့တွေ့ရှိဟုဆို