အနောက်အုပ်စုနိုင်ငံတွေက ဒေါ်လာကို လက်နက်သဖွယ် အသုံးပြုနေကြောင်း ပြောဆိုခဲ့တဲ့ ရုရှားသမ္မတပူတင်

ဇူလိုင်လ ၂၇ ရက်

အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေဟာ အမေရိကန်ဒေါ်လာကို လက်နက်သဖွယ် အသုံးပြုနေကြောင်း ရုရှားသမ္မတပူတင် က ထုတ်ဖော်ပြောဆို လိုက်ပါတယ်။

ရုရှားသမ္မတပူတင်ဟာ ဘရာဇီးသမ္မတဟောင်းဖြစ်သလို လက်ရှိအချိန်မှာ New Development ဘဏ်အကြီးအကဲ Dilma Rousseff နဲ့တွေ့ဆုံဆွေးနွေးချိန်အတွင်း အခုလိုမျိုးပြောဆိုခဲ့တာဖြစ်ပါတယ်။

ဘရာဇီးသမ္မတဟောင်းဟာ ပြီးခဲ့တဲ့ မတ်လမှာ BRICS အဖွဲရဲ့ New Development ဘဏ်အကြီးအကဲအဖြစ် စတင်တာဝန်ယူခဲ့ကြောင်း သိရပါတယ်။

ရုရှားသမ္မတပူတင်က “လက်ရှိ ကမ္ဘာဘဏ္ဍာရေးဈေးကွက်မှာ ငွေကြေးလုပ်ငန်းတွေ လုပ်ရကိုင်ရတာ မလွယ်ဘူး။ အမေရိကန်ဒေါ်လာကို နိုင်ငံရေးရည်ရွယ်ချက်နဲ့အသုံးပြုနေတဲ့လက်နက်သဖွယ် သုံးနေတယ်” လို ပြောပါတယ်။

ရုရှားသမ္မတပူတင်က ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကနိုင်ငံတို ပူးပေါင်းဖွဲစည်းထားတဲ့ BRICS အဖွဲဟာ တစ်စုံတစ်ဦးကို တိုက်ခိုက်ဖို ရည်ရွယ်ခြင်းမရှိကြောင်း၊ ငွေကြေးပိုင်း အပါအဝင် အပြန်အလှန်အကျိုး စီးပွားတွေကို အတူတကွလုပ်ဆောင်ဖို ရည်ရွယ်ထားခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post BLACKPINK နဲ့စာချူပ်ထပ်တိုးဖို့ အစွမ်းကုန် ကြိုးစားနေတဲ့ YG ENTERTAINMENT
Next post ရက်ပ်ပါအဆိုတော် Take off ကို ဂုဏ်ပြုသည့်အနေဖြင့် ပြုလုပ်ခဲ့သည့် ဧရာမတက်တူးကြီး ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့