နှစ်သစ်မှာ ရှင် ၄၅ ပါးအတွက် ဆန်၊ဆီ၊ဆေး၊ဆားနှင့် နဝကမ္မ ကျပ် ၁၀၀၀၀ စီလောင်းလှူခဲ့တဲ့ ဖွေးဖွေး

ရိသတ်ချစ်ခင်မှုများစွာ ရရှိထားတဲ့ မင်းသမီး ဖွေးဖွေးကတော့ ယနေ့ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း (.၁) ရက်နေ့မှာ ရှင်အပါး ၄၅ပါးအတွက် ဆန် ဆီ ဆေး ဆားနဲ့ နဝကမ္မ ကျပ် ၁၀၀၀၀ စီလောင်းလှူခဲ့တယ်လို့ သိရပါတယ်။

“မြန်မာ နှစ်ဆန်း ၁ ရက်နေ့မှစလို့ အကောင်းတွေလာ၊ မကောင်းတာတွေဖယ်၊ ကံကောင်းပါစေ၊ ချမ်းသာပါစေ၊
ကျန်းမာပါစေ၊ မေတ္တာရကြပါစေ။ ကျွန်မ ပူဆာလို့ အဆီထုတ် Delta Queen Yogurt တွေ ပို့ပေးတဲ့ ချစ်ညီမ နီ့ Ni Phyo Kyaing လည်း တူသော ကောင်းကျိုးရပါစေလို့ ” လို့ မင်းသမီး ဖွေးဖွေးက ပရိသတ်သိအောင် ပြောလာပါတယ်။

အဆိုပါ နှစ်ဆန်းတစ်ရက်နေ့မှာတော့ အိမ်ရှိဘုရားကိုတော့ ဆွမ်း ၊ ပန်း ၊ ဆီမီး စတာတွေ ဆပ်လှူပူဇော်ခဲ့ပါတယ်။ ကြွချီလာတဲ့ ရှင်အပါး ၄၅ ပါးအတွက် ဆန် ၊ ဆီ ၊ ဆေး ၊ ဆား ၊ ငါးသေတ္တာ ၄၅ Packages ၊ နဝကမ္မ ၁၀၀၀၀ ကျပ် စီလောင်းလှူခဲ့ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နစကဥက္ကဋ္ဌ၏ လွတ်ငြိမ်းဖြင့် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသားများ လွတ်မြောက်
Next post (၁၈-၄-၂၀၂၄)ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်