သင်္ကြန်ကာလတွင် တေးသီချင်းများအား အခမဲ့သုံးစွဲခွင့်ပြုနိုင် ပါရန် ပြန်ကြားရေးဝန်ကြီးဌာန မေတ္တာရပ်ခံ

သင်္ကြန်ကာလတွင် စီးပွားရေးအကျိုးအမြတ်အတွက်မဟုတ်ဘဲ အများပြည်သူ ဖျော်ဖြေရေးအတွက် တေးသီချင်းများအား အခမဲ့သုံးစွဲခွင့်ပြုနိုင်ပါရန် မူပိုင်ခွင့်ရှိသည့် ပညာရှင်ကြီးများကို ပြန်ကြားရေးဝန်ကြီးဌာနမှ မေတ္တာရပ်ခံထားပါသည်။

မြို့တော်ဝန်မဏ္ဍပ်များနှင့်နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များတွင် သင်္ကြန်နှင့်သက်ဆိုင် သော တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများအား မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက အများပြည်သူသို့ အခမဲ့ထုတ်လွှင့် ပြသ သွားမည်ဖြစ်ပါသည်။

မြန်မာတစ်မျိုးသားလုံး အလေးအမြတ်ထားပြီး ပျော်ရွှင်စွာဆင်နွှဲကြသည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကာလကို ယခင်နှစ်များနည်းတူ ၂၀၂၄ ခုနှစ်တွင်လည်း မြန်မာ့ရိုးရာအစဉ်အလာများနှင့်အညီ ဆင်နွှဲသွားမည်ဖြစ်ပါသည်။

ထိုသို့ဆင်နွှဲရာတွင် ဖျော်ဖြေမှုအနေဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ/ ဝန်ကြီးဌာနများအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ဌာနဆိုင်ရာများသည် မဟာသင်္ကြန်တေးသီချင်းများကို ဖျော်ဖြေသီဆိုမှုများ၊ တင်ဆက်ကပြမှု များကို ပြုလုပ်သွားမည်ဖြစ်ပါသည်။  ထိုသို့ အသုံးပြုခွင့်ပေးသည့်အတွက် ပြန်ကြားရေးဝန်ကြီးဌာနက သက်ဆိုင်သည့် မူပိုင်ခွင့်ရှိသူ ပုဂ္ဂိုလ်တစ်ဦးချင်းစီအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၇-၄-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post ဒေါက်တာငွေတီဦးကို REVIVAL ROSE မှ Ambassador ခန့်အပ်