ထိုင်းနိုင်ငံသို့လာရောက်သည့် ပြည်ပခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ပိုမိုလာရောက် လည်ပတ်နိုင်ရေး ဆွေးနွေး

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့် ထိုင်းနိုင်ငံသို့လာရောက်သည့် ပြည်ပ ခရီးသွားဧည့်သည်များ လွယ်ကူချောမွေ့စွာ ဝင်ရောက် လည်ပတ်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများနှင့် ခရီးသွား မြှင့်တင်ကြော်ငြာရေး ဆိုင်ရာကိစ္စရပ်များ၊ အဏ္ဏဝါခရီးသွားလုပ်ငန်းအပါအဝင် ခရီးသွားလုပ်ငန်း အမျိုးအစားများ အတူတကွဖော်ထုတ်မြှင့်တင်၍ နယ်စပ်ဖြတ်ကျော်ခရီးသွားလုပ်ငန်းနှင့် နှစ်နိုင်ငံ ခရီးသွားဧည့်သည်များ လွယ်ကူချောမွေ့စွာ ဝင်ရောက်လည်ပတ်နိုင်ရေး ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ ခရီးသွားဝန်ကြီးဌာနတို့အကြား ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ များ ရေးထိုးခဲ့ခြင်းအပေါ် ဆက်လက်အကောင် အထည်ဖော်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

ထို့ပြင် မြန်မာ-ထိုင်းနှစ်နိုင်ငံ အစိုးရ- ပုဂ္ဂလိကကိုယ်စားလှယ်များပါဝင်သော ခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ဖွဲ့စည်း၍ နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေး၊ ရင်းနှီးကျွမ်းဝင်မှု ခရီးစဉ်များ စီစဉ်နိုင်ရေး၊ မြန်မာနိုင်ငံ၏ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍတွင် ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်ရေး၊ နှစ်နိုင်ငံအကြားစီးပွားရေးကဏ္ဍများတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များ အပြန်အလှန်ဆွေးနွေးညှိနှိုင်းရေး၊ ထိုင်းနိုင်ငံသို့လာရောက်သည့် ပြည်ပ ခရီးသွား ဧည့်သည်များ မြန်မာနိုင်ငံသို့ပိုမိုလာရောက် လည်ပတ်ကြရေးအတွက် ခရီးစဉ်များ တိုးချဲ့ရေးဆွဲနိုင်ရေး၊ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော ထိုင်းခရီးသွားဧည့်သည်များ ငွေကြေးသုံးစွဲမှု အဆင်ပြေ စေရေးနှင့် နှစ်နိုင်ငံအစိုးရ – ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၉-၃-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post လျှပ်စစ်ကားနဲ့ ကမ္ဘာတစ်ပတ် ပတ်ပြီး ကမ္ဘာ့စံချိန်တင်တဲ့ ၂၅ နှစ်သမီး