(၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အကြိုဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကျင်းပ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့က တည်ခင်းဧည့်ခံသည့် ၂၀၂၄ ခုနှစ်၊ (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြိုဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကို ယမန်နေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဥပစာရင်ပြင်၌ ကျင်းပပြုလုပ်သည်။

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အကြိုဂုဏ်ပြုညစာစားပွဲသို့ တက်ရောက် လာကြသည့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

(၇၉)နှစ်မြောက် တပ်မတော်နေ့ အကြိုဂုဏ်ပြုညစာစားပွဲတွင် ညစာမသုံး ဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီ တေးဂီတအဖွဲ့မှ အနုပညာရှင်များနှင့် ပြင်ပအနုပညာရှင်များက တေးသံသာများဖြင့် သီဆိုဖျော်ဖြေကြသည်။

အကြိုဂုဏ်ပြုညစာစားပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကာ အခမ်းအနားအောင်မြင် ခြင်း အထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများ ပစ်ဖောက်မှုကို ကြည့်ရှုအားပေးကြသည်။

ဖျော်ဖြေတင်ဆက်မှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က စစ်သည်၊ စစ်သမီးများအား အမှတ်တရ ဂုဏ်ပြုပန်းခြင်းများ ပေးအပ်ခဲ့ကြပြီး တက်ရောက်လာကြသူများအား ရင်းရင်း နှီးနှီး နှုတ်ဆက်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၇-၃-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အကြိုဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကျင်းပ