မန္တလေး ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရ၊ သိန်း (၂၀၀၀) ကျော် ပါသွား

မန္တလေးမြို့၊ မောရဂီဝါရပ်ကွက်၊ ၇၄ လမ်း၊ ၃၁- ၃၂ လမ်းကြားရှိ ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရပြီး ငွေကျပ် သိန်း (၂၀၈၀) ခန့် ပါသွားကြောင်း သိရပါတယ်။

ယနေ့ မတ်လ (၂၅)ရက် နံနက် (၁၁)နာရီ (၂၀)မိနစ်အချိန်က မန္တလေးမြို့၊ မောရဂီဝါရပ်ကွက်၊ ၇၄ လမ်း၊ ၃၁- ၃၂ လမ်းကြားရှိ ကမ္ဘောဇဘဏ်သို CZI ဆိုင်ကယ် အမျိုးအစား နံပါတ်ပါနှင့် နံပါတ်မပါ နှစ်စီးဖြင့် အမည်မသိ အမျိုးသား (၃)ဦး ရောက်ရှိလာ ပြီး ဓားပြတိုက်သွားကြောင်း သိရပါတယ်။

KBZ ဘဏ်ဓါးပြတိုက်မှုဖြစ်စဉ်မှာ CZI အမျိုးအစား ဆိုင်ကယ်နှစ်စီးဖြင့် Mask တပ်ထားသူ အမျိုးသား ၃ဦးက သေနတ်နဲ့ ပုဆိန်တို့ဖြင့် ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါဓါးပြတိုက်မှုကျူးလွန်သူများသည် ဘဏ်အတွင်းရှိ ဝန်ထမ်းများကို ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၂၀၈၀ခန့်ကို ယူဆောင်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့သတင်းတွေက ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လောကနန္ဒာဘေးမဲ့တောဥယျာဉ်၌ ကြယ်လိပ်ဥ ထောင်နှင့် ချီဥထား၊ ရာနှုန်းပြည့် သားပေါက်ရန်မျှော်လင့်
Next post (၂၅-၃-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ