သရုပ်ဆောင် မြင်စိုင်းသားအောင်အောင် ကွယ်လွန်

သရုပ်ဆောင် မြင်စိုင်းသားအောင်အောင်သည် မတ်လ ၂၄ ရက်( ယနေ့ ) နံနက်ပိုင်းက ကွယ်လွန်သွားကြောင်း သိရသည်။ မြင်စိုင်းသားအောင်အောင်သည် မတ် ၂၄ ရက် နံနက် ၉ နာရီ ၂၅ မိနစ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောကြားသည်။

‘အဖေ့အတွက်စိတ်ချမ်းသာပါတယ် အမေနဲ့သူတွေ့ရပြီမို့’ဟု မြင်စိုင်းသားအောင်အောင်၏သမီးဖြစ်သူက လူမှုကွန်ရက်တွင် ရေးသားထားသည်။ သမီးဖြစ်သူ သရုပ်ဆောင် ဟေမာန်အောင်အောင် က ကွယ်လွန်သူဦးအောင်အောင်(မြင်စိုင်းသား)+ ဒေါ်ကျော့မှူး အား ရည်စူး၍ မွန်မြတ်အလှူ အလှူငွေ-၁၁၀,၀၀၀/-(တစ်သိန်းတစ်​​​​​သောင်း ကျပ်တိတိ) နာရေးကူညီမှုအသင်း (ရန်ကုန်)ထံ လှူဒါန်းခဲ့ကြောင်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သထုံ ရွှေစာရံစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အခမ်းအနား ကျင်းပ
Next post သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကျင်းပ