ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ရုရှားသမ္မတ ပူတင် ရွေးကောက်ပွဲအနိုင်ရရှိမှုအပေါ် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံ့ခေါင်းဆောင်များက ရှရှားနိုင်ငံ၏ သမ္မတရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သည့် Vladimir Vladimirovich Putin ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပိုခဲ့ကြသည်ဟု သိရသည်။

ထိုသို ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပိုခဲ့ကြောင်း ရုရှားနိုင်ငံ သတင်းများ၌ ဖော်ပြခဲ့သည်ကို နစက သတင်း ထုတ်ပြန်ရေးအဖွဲ့က ထပ်ဆင့်ဖော်ပြခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပိုသည့် သဝဏ်လွှာ အပြည့်အစုံကိုတော့ သီးသန့်ဖော်ပြထားခြင်း မရှိသဖြင့် ဗိုလ်ချုပ်မှူးကြီး၏ သဝဏ်လွှာအတွင်း မည်သည့် အကြောင်းအရာများပါဝင်သည်ကို မသိရပေ။

သမ္မတလောင်း ၄ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲကို မတ် ၁၅ ရက်မှ ၁၇ ရက်အထိ ပြုလုပ်ခဲ့ရာ မဲရေတွက်မှု ၁၀၀ ရာခိုင်နှုန်း ပြီးစီးချိန်တွင် Vladimir Vladimirovich Putin က ၈၇ ဒသမ ၂၈ ရာခိုင်နှုန်းဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သိန်း၂ထောင်ကျော်တန်ဖိုးရှိ Hollywood Spectra စက်ကြီးကို PAN Aesthetics မှ ဝယ်ယူခဲ့
Next post (၂၁-၃-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ