မုံရွာအင်းဝဘဏ် ဓားပြတိုက်ခံရပြီး ဘဏ်မန်နေဂျာကို ဓားစာခံ ဖမ်းဆီးသွားကာ ကျပ်သိန်းသုံးရာကျော်ယူသွား

စစ်ကိုင်းတိုင်း ၊ မုံရွာမြို ၊ ရုံကြီးရပ်ကွက် ၊ ဗိုလ်ချုပ်လမ်း ၊ နာရီစင်နဲ့ မြို့တော်ခန်းမ ကြားရှိ အင်းဝဘဏ် ဒီကနေ့ နေ့လည်ပိုင်း ၁ နာရီဝန်းကျင်က ဓားပြတိုက်ခံရပြီး သိန်းသုံးရာကျော်ပါသွားတဲ့အပြင် ဘဏ်မန်နေဂျာ အမျိုးသမီးကိုလည်း ဓားပြအဖွဲ့က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မုံရွာဘဏ် အသိုင်းအဝိုင်းဆီက သိရပါတယ်။

ဖြစ်စဉ်မှာ မုံရွာမြို့၊ ရုံကြီးရပ်ကွက်၊ဗိုလ်ချုပ်လမ်း၊မြို့တော် ခန်းမအနီး ဝန်းကျင်ရှိ အင်းဝဘဏ်အား ယနေ့မတ်လ (၁၃) ရက် နေ့လယ်ပိုင်းက ကားဖြင့်ရောက်လာသည့် လူတစ်စုက ဓားပြတိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” ၈ ယောက်လို့ ပြောတယ်။ ကားနဲ့လာတာ။ ဘဏ်ထဲဝင်ပြီး ‌‌သေနတ်တွေနဲ့ ခြိမ်းခြောက်ပြီး ဓားပြတိုက်သွားတာ။ ငွေသိန်း ၃၀၀ ကျော် ပါသွားတယ်။ ဘဏ်မန်နေဂျာကိုလည်း ဓားစားခံအနေနဲ့ ဖ-မ်းခေါ်သွားတယ် ” ဟု ဘဏ်ဝန်ထမ်းတစ်ဦး က ဆိုသည်။

ဒေသတွင်း သတင်းရင်းမြစ်များနှင့် နီးစပ်သူများနှင့် အချို့သတင်းဌာနများ၏ ဖော်ပြချက်အရ အဆိုပါ လူ (၈) ဦးအနက် အမျိုးသမီးတစ်ဦးနှင့် အမျိုးသား တစ်ဦးသည်ဘဏ်သို့ ဆိုင်ကယ်ဖြင့် အရင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ကားဖြင့်လာသူမှာ (၆) ဦးဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် ငွေသိန်း ၃၆၂ သိန်းကျော်နှင့် Dasktop View Sonic Moniter ကွန်ပျူတာ (၃)လုံး၊ Scanner Mach ime(for Seacurity) (၁)လုံး၊ ဧည့်ဝင်/ထွက် မှတ်တမ်း စာ အုပ် (၁)အုပ်နှင့် ဘဏ်ဝန်ထမ်းများ၏ ဖုန်း (၁၂)လုံး ပါသွား ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၃-၃-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၁၄-၃-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်