❝YBS(58)ကား တစ်စီးလုံး အနုကြမ်းစီးခံရတာ မဟုတ်ဘူး ဟုဆို❞

YBS-58 ကားတစ်စီးလုံး အနုကြမ်းစီးခံရမဟုတ်ဘူးလို့ ရန်ကုန်မြို့ပြအများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်(YUPT) နဲ့ အဆိုပါ YBS-58 ယာဥ်လိုင်း တာဝန်ရှိသူတွေက ငြင်းဆိုလိုက်ပါတယ်။

ဖြစ်စဉ်အမှန်က မတ်လ ၁၂ ရက်၊ ညနေ ၃ နာရီအချိန်ခန့်မှာ YBS 58 9p-8757 ကားဟာ သီတာဆိပ်မှတ်တိုင်မှာ ရပ်တန့်စဉ် ကားပေါ်စီးနင်းလာသူအချင်းချင်း ဖုန်းရောင်းဝယ်သူ တစ်ဦးဆီကနေ အမျိုးသားတစ်ဦးက ဖုန်းဘယ်နှစ်လုံးပါလာသလဲ၊ ထုတ်ဟုခြိမ်းခြောက်ပြီး ဖုန်းနှစ်လုံးကို ယူဆောင်ထွက်ပြေးသွားတာလို့ ဆိုပါတယ်။

ယင်းဖြစ်စဥ်နဲ့ပတ်သက်လို့ လက်ရှိမှာ ပုဇွန်တောင်ရဲစခန်းက စုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်နေသလို ယာဉ်မောင်းကို လည်း ခေါ်ယူ စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သိရပြီး ယာဉ်ပေါ်မှာ CCTV တွေ တပ်ဆင်ထားတာရှိလို့ သက်သေ မှတ်တမ်းတွေလည်း ရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပါမောက္ခချုပ်ဆရာတော်ကြီး၏ (၈၄) နှစ်ပြည့် မွေးနေ့ ကျင်းပမည်
Next post (၁၃-၃-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ