ပါမောက္ခချုပ်ဆရာတော်ကြီး၏ (၈၄) နှစ်ပြည့် မွေးနေ့ ကျင်းပမည်

လာမည့်တပေါင်းလပြည့်နေ့ (မတ်၂၄ ရက်)၌ စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံ ကျောင်းတိုက်တွင် ပါမောက္ခချုပ် ဆရာတော် ဘုရားကြီး၏ (၈၄) နှစ်ပြည့်မွေးနေ့ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မဟာသုဗောဓာရုံ ကျောင်းတိုက်များ၏ ဦးစီးပဓာန နာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဌဂုရု၊ ရွှေကျင်နိကာယဥပ ဥက္ကဋ္ဌ မဟာနာယက၊  ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး၏ သက်တော် (၈၄) နှစ်ပြည့် ဝိဇာတမွေးနေ့ အထိမ်းအမှတ် ကုသိုလ်ကို တပေါင်းလပြည့်နေ့တွင်ပြုလုပ်မည်ဖြစ်သည်။

မွေးနေ့အလှုအဖြစ် စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံကျောင်း တိုက်တွင် သံဃာ အပါး (၅၀၀)၊ သီလရှင် အပါး (၅၀၀)တို့ကို ပင့်ဖိတ်၍ လှူဖွယ်ပစ္စည်းများ သံဃဒါန လောင်းလှူမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၃-၃-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ❝YBS(58)ကား တစ်စီးလုံး အနုကြမ်းစီးခံရတာ မဟုတ်ဘူး ဟုဆို❞