ဘဝမှာ ပထမဆုံး သွားဖူးတဲ့ ရုပ်ရှင်ကားကြီး ကန်တော့ပွဲ ဆိုတဲ့ မိစန္ဒီ
ဘဝမှာ ပထမဆုံး သွားဖူးတဲ့ ပုဂ္ဂလစံအိမ် ရုပ်ရှင်ကားကြီး ကန်တော့ပွဲအခမ်းအနားနဲ့ ပတ်သက်ပြီး အဆိုတော် မိစန္ဒီက အခုလို သူမ၏ လူမှုကွန်ယက်အကောင့်ကနေ မျှဝေလာပါတယ်။
“အရင်တုန်းက ဘာမှ မရိုက်ဖြစ်ပေမယ့် အခု “ပုဂ္ဂလစံအိမ်” ကားက ငယ်ငယ်တည်းက အရမ်းကြိုက်ခဲ့ရတဲ့ ဆရာသိုးဆောင်း ရိုက်မှာ ဖြစ်တာရယ်.. ဇာတ်လမ်းလေးရော ထူးခြားတာရယ် ကြောင့် ဧည့်သည် သရုပ်ဆောင် အနေနဲ့ ပါဝင်ဖြစ်တာပါ.. ဒီနှစ်သစ်လေးမှာ မလုပ်ဖူးတာလေးတွေနဲ့ ပရိတ်သတ်တွေကို အမှတ်တရ တင်ဆက်ပေးချင်တာလေးလည်း ပါတာပေါ့.. မိစန္ဒီပါမှာ အခန်း ၄၊၅ ခန်းပါပဲ.. တော်ကြာ အများကြီး ထင်နေမှာ စိုးလို့.. ခုတော့ အိုက်တင်တွေ လေ့ကျင့်နေပြီ ထွက်လာရင် အားပေးကြပါနော် ဟီး ” ဆိုပြီး ပါဝင်ရိုက်ကူးဖြစ်ပုံလေးနဲ့ ပတ်သက်ပြီး ပြောကြားလာတာဖြစ်ပါတယ်။
More Stories
အဆိုတော် ယွန်းမြတ်သူရဲ့ အသက် ၂၆ နှစ်ပြည့်မွေးနေ့ Yoon Myat Thu’s Birthday Show ကျင်းပမည်
ပရိသတ်တွေအကြား အသည်းကွဲသီချင်းနဲ့ အောင်မြင်မှုရရှိခဲ့တဲ့ အဆိုတော် ယွန်းမြတ်သူရဲ့ ၂၆ နှစ်ပြည့်မွေးနေ့အမှတ်တရအနေနဲ့ Yoon Myat Thu’s Birthday Show ကို လာမယ့် အောက်တိုဘာ ၁၅ ရက်မှာ ရန်ကုန်မြို့ရှိ Inya Lake...
The Princess Diaries 3 ထွက်လာမယ်လို့ Anne Hathaway တရားဝင်ကြေညာလာ
မင်းသမီးချော Anne Hathaway အဓိကပါဝင်သရုပ်ဆောင်ခဲ့တဲ့ drama အမျိုးအစား The Princess Diaries နဲ့ The Princess Diaries 2: Royal Engagement တို့ဟာ အောင်မြင်မှုများစွာရရှိခဲ့တာကြောင့် Disney ဟာ...
MGI 2024 Cambodia Arrival Day ပြိုင်ပွဲကြီးအတွက် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့သို့ စတင်ထွက်ခွာခဲ့တဲ့ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် သဲစုညိမ်း
ပရိသတ်ချစ်ခင်မှုများစွာရရှိထားတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် သဲစုညိမ်းကတော့ Miss Grand International 2024 @MGI 2024 အလှမယ်ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ထိုင်းနိုင်ငံကနေ Cambodia Arrival Day အတွက် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့သို့ စတင်ထွက်ခွာခဲ့ပါတယ်။...
ကယားပြည်နယ်က ရေနစ်မြုပ်နေတဲ့ နေရာတွေကို ဆန်၊ ဆီ၊ စားသောက်ကုန်နဲ့ အလှူငွေ သွားရောက်လှူဒါန်းခဲ့တဲ့ ခန့်စည်သူ
သရုပ်ဆောင်ခန့်စည်သူ ဦးဆောင်မှုနဲ့အတူ ခုနစ်ရက်သားသမီးတွေက ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ရေနစ်မြုပ်နေတဲ့ ရွာတွေက မိသားစုဝင်အယောက် ၅၀၀ ကျော်တို့ကို ဆန်၊ ဆီ၊ စားသောက်ကုန်နဲ့ အလှူငွေသိန်း ၁၅၀ ကျော်တို့ကို ကိုယ်တိုင် သွားရောက်လှူဒါန်းပြီး အားပေးစကားတွေ ပြောခဲ့ကြပါတယ်။...
အသက်၂၆ နှစ်ပြည့်မွေးနေ့မှာ ထမင်း၊ ဟင်း လူအယောက် ၅၀၀ စာ စတုဒိသာကျွေးမွေး လှူဒါန်းခဲ့တဲ့ ဝေလာရီ
ရေနံ့သာခင်ခင်ကြီးနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်ဝေလာရီက အောက်တိုဘာ ၁ ရက်မှာ ကျရောက်တဲ့ အသက်၂၆ နှစ်ပြည့်မွေးနေ့မှာ ထမင်း၊ ဟင်း လူအယောက် ၅၀၀ စာ စတုဒိသာကျွေးမွေးမှုကို ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ ဇာနည် ၁၂ လမ်းမှာ...
နာရေးကူညီမှုအသင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) ရှိ ရေဘေးသင့်တွေကို ထွန်းကိုကို ဦးဆောင်ပြီး သွားရောက် လှူဒါန်း
ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကိုဦးဆောင်တဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)က အသင်းသားတွေနဲ့အတူ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီး၊ ရေလျှံမှုဖြစ်ပေါ်ခဲ့တဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့၊ အင်းလေးဒေသရှိ ရေဘေးသင့်တွေကို ရေဘေးကူညီထောက်ပံ့ရေးပစ္စည်းတွေနဲ့ စားသောက်ကုန်တွေ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ပါတယ်။ “ကျွန်တော်တို့ နာရေးကူညီမှုအသင်းအနေနဲ့ လာရောက်လှူဒါန်းကြတဲ့ ခုနှစ်ရက်သားသမီးတွေ ပါဝင်လှူဒါန်းလာတဲ့...